အခန်း (၂၇)

5.3K 328 8
                                    

အချစ်တွေနဲ့ မိုးထားတဲ့ အိမ်
အခန်း (၂၇)
မိုင်းမိုင်

" ပုံရိပ်ရေ...မပြီးသေးဘူးလားကွာ။ မောင် ဗိုက်ဆာနေပြီ "

" ပြီးပြီ မောင်ရဲ့။ ပုံရိပ် ပိုက်ဆံထည့်နေလို့။ ကဲ...သွားကြစို့ "

နှစ်ဦးသား လက်ချင်းချိတ်ကာ တိုက်အောက်ထပ်သို့ဆင်းလာကြသည်။ တိုက်ခန်းရဲ့ မြေဧရိယာတွင် ပုံရိပ်တို့ ဆိုင်ကယ်ကို လပေးနှင့် အပ်ထားရသည်။ တိုက်ခန်းများ၏ ဒုက္ခသည် ဆိုင်ကယ်ထားစရာ နေရာမရှိခြင်းပင်ဖြစ်ပါ၏။ တိုက်အောက်ထပ်ကျလည်း အခန်းပိုင်ရှင်တွေရဲ့ မျက်နှာစာနေရာတွေဖြစ်လို့ ပုံရိပ်တို့လို အပေါ်ထပ် နေထိုင်သူများမှာ ထားခွင့်မရ။ နေရာလွတ် တစ်နေရာတွင် ထားပြန်လျှင်လည်း သူခိုးရန်ကကြောက်ရသည်မို့ ဆိုင်ကယ်စတန်းတွင်သာ တစ်လလုံး ပေးစနစ်နှင့် အပ်လိုက်တော့သည်။ ပုံရိပ်တို့ တစ်လလုံးမှ ငွေကျပ် (၅၀၀၀) ကျပ်သာကျသည်မို့ ထိုငွေလောက်ကိုတော့ စိတ်ထဲ မထည့်တော့ချေ။

မြစ်၏ကန်ပတ်လမ်းတွင်ရှိသည့်တိုက်ခန်းနှင့် ဈေးချိုသည် အနည်းဆုံး မိနစ် (၂၀) မျှ မောင်းရပါ၏။ မြစ်ဘက်ဆီက တိုက်ခတ်လာသည့် လေအေးအေးလေးသည် နွေနံနက်ခင်းမှာပင် အေးစိမ့်လျက်ရှိလှသည်။

ဈေးချို နာရီစင်သို့ ဆိုင်ကယ်လေးရောက်သည့်အချိန်တွင် ဆိုင်ကယ်အပ်နှံစတန်းတွင် ထားခဲ့လိုက်တော့သည်။ ပုံရိပ်‌တို့သည် ဈေးချို မြောက်ဘက်အပေါက်မှ ဝင်သည်ဖြစ်၍ နာရီစင်ကို တွေ့ရခြင်းဖြစ်ပါသည်။

မောင့်လက်ကလေးကိုချိတ်ကာ ဈေးချိုထဲသို့ စတင် ခြေလှမ်းခဲ့ကြသည်။

" မောင်...ဘာစားကြမလဲ ပုံရိပ်တို့ "

" မောင်ကတော့ ပုံရိပ်ပဲ ထပ်တလဲလဲ စားချင်တာ "

" ခုနကမှ စားလာတာလေ၊ မဝသေးတာလား "

မျက်မှောင်ကြုတ်၍ မေးလာတော့ သက်ဦးဇင်မှာ လှိုက်ကနဲ အူယားကာ ပါးပြင်လေးဆီ ဖျစ်ညှစ်လိုက်သည်။

" ဘယ်လောက်စားစား မဝတဲ့ထဲမှာ မောင့်ပုံရိပ် တစ်ဦးတည်းပဲရှ်ိတယ်...နော် "

" ဟွန့်...စားရတဲ့ကလေးက ပိုပြီးငတ်တယ်တဲ့။ မောင်လည်း အဲ့အတိုင်းပဲ "

အချစ်တွေနဲ့ မိုးထားတဲ့ အိမ် {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮} - အချစ်တွေနဲ့ မိုးထားတဲ့ အိမ် Where stories live. Discover now