အခန်း (၇)

6.6K 478 6
                                    

M I N E M Y:
အချစ်တွေနဲ့ မိုးထားတဲ့အိမ် (၇)

နေ့တစ်နေ့ရဲ့ နံနက်ခင်း အချိန်အခါသည် ပုံမှန်အတိုင်း လည်ပတ်လျက်ရှိပါသည်။ နံနက်ခင်းရဲ့ တေးသီချင်းကျူသီတဲ့ ကျေးငှက်ငယ်လေးတွေရဲ့ တေးသံသာကတော့ နေ့စဥ် နားဝင်ပီယစွာ ကြားနေမြဲပင်ဖြစ်သည်။

အိမ်တစ်အိမ်လုံးကို မှန်တွေနဲ့ပဲ ဆောက်လုပ်ထားတာဖြစ်လို့ ခေတ်မီဆန်းသစ်လှတဲ့ အသွင်အပြင်က  နံနက်ခင်းရဲ့ လင်းရောင်ခြည်အောက်မှာ သစ်လွင်လှပလျက်။ ထိုစံအိမ်ကြီးရဲ့ အမည်နာမက "မင်းမျိုးနွယ်" ။ ကြီးကြီးတက်ချမ်းသာတဲ့ လူကုံထံ အသိုင်းအဝိုင်းမှန်း စံအိမ်ကို ကြည့်လိုက်တာနဲ့တင် သိမြင်နိုင်ပါသည်။

စံအိမ်ရဲ့ အပေါ်ထပ် ကျွန်းတံခါးတစ်ခုရှေ့မှာတော့ မိန်းမငယ်လေးတစ်ယောက် တံခါးခေါက်နေသည်မှာ အတော်ကြာနေပြီ ဖြစ်သည်။

"ကိုကိုလေး..."

"ကိုကိုလေး...အိပ်ရာထချိန်ရောက်ပါပြီ။ ကျောင်းချိန်နီးနေပါပြီ"

တံခါးကို မညင်မသာနဲ့ ထပ်ခါထပ်ခါ ခေါက်နေသည်မှာ ဆယ်မိနစ်လောက်ပင်ရှိရော့မည်။ အထဲကတော့ ဘာအသံမှ ပြန်ကြားခြင်းမရှိခဲ့ပါ။

ထိုမိန်းမငယ်လေးလည်း အလွန်စိတ်ရှုပ်နေဟန်ပါပင်။ ပျက်ယွင်းနေသော မျက်နှာကို အလှပဆုံး ဟန်ဆောင်ပြုံးထားပြီးတော့ နေ့တစ်နေ့ရဲ့ မနက်ခင်းတာဝန်ကို ထမ်းဆောင်လျက်။

ထိုစဥ် မပိန်လွန်း၊ မဝလွန်းခန္ဓာကိုယ်နဲ့ လိုက်ဖက်စွာပဲ အရပ်မြင့်မြင့် အမျိုးသမီးကြီးတစ်ယောက် ထိုတံခါးပေါက်ဝသို့ ရောက်ရှိလာခဲ့သည်။ "မင်းမျိုးနွယ်" စံအိမ်ရဲ့ အိမ်သူသက်ထား အမျိုးသမီးသာ ဖြစ်သည်။

"ဘယ်လိုလဲ...မနိုးသေးဘူးလား ၊ အခုထိ"

"ဟုတ်...ကြီးမေ၊ မိနှောင်းနှိုးနေတာ ကြာနေပြီ။ အခုထိ အထဲက ဘာအသံမှမကြားသေးဘူး။"

"အေးအေး၊ သွားတော့...ဒေါ်တူးကိုကူပြီး နံနက်စာပြင်ထားလိုက်တော့။"

"ဟုတ်...ကြီးမေ။"

အိမ်ကူထိန်း ကောင်မလေးကတော့ ခပ်သုတ်သုတ်နဲ့ အောက်ထပ်သို့ ဆင်းသွားလေသည်။ ထိုအချိန်မှ ဒေါ်မြသွေးရံခြယ် တံခါးခေါက်သံကို ခပ်ဆဆလေး ခေါက်လိုက်လေသည်။

အချစ်တွေနဲ့ မိုးထားတဲ့ အိမ် {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮} - အချစ်တွေနဲ့ မိုးထားတဲ့ အိမ် Where stories live. Discover now