အခန်း (၂၅)

5.1K 362 6
                                    

အချစ်တွေနဲ့ မိုးထားတဲ့ အိမ်
အခန်း (၂၅)
မိုင်းမိုင်

အတွေးများ အလုံးရင်းလိုက်ဖြင့် ခေတ်သစ် ဆိုင်ကယ်လေးသည် " Coffee Garden " ဆိုင်လေးသို့ ရောက်လာခဲ့သည်။ အဖြူရောင်နှင့် ချောကလတ်ရောင် နှစ်မျိုးစပ် ရောစပ်ထားသည့် ထိုဆိုင်လေးသည် ကော်ဖီဆိုင်တစ်ခု၏ ပြယုဂ်လေးသာဖြစ်သည်။ မကျဉ်းလွန်း မကျယ်လွန်း အကျယ်အဝန်းလေးနှင့် ထိုဆိုင်လေးသည် သပ်သပ်ရပ်ရပ် ရှိလှပါ၏။

မနက် (၁၀) နာရီ ဝန်းကျင် ရောက်ပြီဖြစ်၍ ကော်ဖီဆိုင်လေးထဲတွင် တစ်ဝိုင်းစာမျှပင် ဧည့်သည် ရှိပါသည်။ ခေတ်သစ် ဆိုင်ကယ်လေးကို ဆိုင်ရဲ့ မှန်တံခါး တစ်နေရာတွင် ရပ်လိုက်ပါသည်။ ထို့နောက် ဆိုင်လေးထဲ ဝင်ဝင်ချင်းပင် ဒီယံပျိုးသည် သူ့အား ပြုံးရွှင်စွာ ကြိုဆိုလေတော့သည်။

" ဟင်...ကိုကို့ မျက်နှာမကောင်းပါလား၊ နေမကောင်းတာလား "

နဖူး‌စပ်လေးဆီ ဒီယံပျိုး လက်ဖမိုးလေးဖြင့် စမ်းကြည့်လိုက်ပါသည်။

" ကိုယ် နေကောင်းပါတယ် ယံလေး "

" ဒါဆို မျက်နှာမကောင်းတာက "

ထောင့်စွန်းနားကစားပွဲဝိုင်းလေးသို့ ထိုင်လိုက်ကြပြီးနောက်တွင် လွှမ်းရတုပိုင်သည် ခေတ်သစ်သောက်နေကျ Love Coffee လေးကို စားပွဲလေးပေါ်သို့ တင်ပေးလိုက်သည်။

" ကဲ...ယံယံ စကားအေးဆေးပြောလို့ရတယ်နော်။ လူလည်းရှင်းတော့ ငါတို့ပဲ ကြည့်လုပ်လိုက်မယ်။ မင်းသားလေးနဲ့ နှစ်ပါးသွား ကလိုက်ကြပါဦး "

" လွှမ်း...ကောင်စုတ် "

သုံးယောက်သား ပြိုင်တူ ပြုံးလိုက်ကြတော့သည်။

" ကိုကို...ဘာဖြစ်တာလဲဆိုတာ ယံလေးကို ပြောလို့ဖြစ်တယ်မလား "

ထိုအခါမှ ခေတ်သစ် သက်ပြင်းရှည်လေးတစ်ချက်ကို လေးလံစွာ မှုတ်ထုတ်လိုက်သည်။

" ယံလေး...မေမေ့ကို ကိုယ် ဒီနေ့ ပြောပြလိုက်တယ်။ မေမေက ကိုယ်တို့ကို လက်ခံပေးလို့ မရဘူးတဲ့ ခလေးရယ်။ ကိုကို အဲ့ဒါကြောင့် စိတ်မကောင်းဖြစ်နေတာ "

ခေတ်သစ် လက်ကလေးပေါ်သို့ ဒီယံပျိုး အုပ်မိုးကိုင်လိုက်သည်။ ဒီယံပျိုးဆီက နွေးထွေးခြင်းသည် ခေတ်သစ် စိတ်ညစ်မှုများကိုပင် တဒင်္ဂ ပျောက်ကွယ်နိုင်စွမ်း ရှိပါ၏။

အချစ်တွေနဲ့ မိုးထားတဲ့ အိမ် {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮} - အချစ်တွေနဲ့ မိုးထားတဲ့ အိမ် Where stories live. Discover now