အခန်း (၁၂)

2.1K 49 1
                                    

M I N E M Y:
အချစ်တွေနဲ့ မိုးထားတဲ့အိမ် (၁၂)

လေညှင်းဖျော့ဖျော့လေး သွေးဆော်တိုက်ခက်နေသည့် နွေရဲ့ညတွေသည် လွမ်းမောစရာကောင်းလောက်ပါသည်။ ရော်ရွက်ဝါတို့ တစ်ရွက်ချင်း ပင်ယံထက်ကနေ ကြွေဆင်းကုန်ကြသည်မှာပင် လွမ်းမောဖွယ်အတိ။ မီးရောင်ထိန်ထိန်သာနေသည့် မန္တလေးမြို့ကြီး၏အလှကို အထပ်မြင့်ကနေ ကြည့်မယ်ဆိုရင် ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းလောက်တဲ့ ရှုမြင်ကွင်းတွေတသီကြီး တွေ့မြင်နိုင်သည်။

Paradise Hotel ၏ အပေါ်ဆုံးထပ်တွင် ရေကူးကန်နှစ်ကန်နဲ့ Bar လေးတစ်ခု ဖန်တီးပေးထားသည်။ Puppet Show ဖျော်ဖြေဖို့အတွက် မနိမ့်မမြင့် စင်လေးတစ်ခုကို Bar အတွင်းရှိ မီးရောင်စုံများ၏အောက်တွင် ခင်းကျင်းပေးထားသည်။ ထိုစင်၏ အနီးဝန်းကျင်တွင် စားပွဲခုံ အလုံး (၂၀) လေးကို ပတ်ပတ်လည် စီရီပေးထားသည်။

Bar ဆိုပေမဲ့ ဆူဆူညံညံ နဲ့ အသံတွေကွဲအက်အောင် DJတွေ ဖွင့်ထားတဲ့ Club တွေလိုမဟုတ်ပါ။ အေးငြိမ့်ငြိမ့်လေးနှင့် ပင်ပန်းနွမ်းနယ်မှုတွေကို စီးမျောခံစားဖြေဖျောက်ဖို့ နူးညံ့သည့် တေးဂီတ သံစဉ်တွေရှိရာ အရပ်တစ်ခုသာဖြစ်သည်။

ဟိုတယ်ရဲ့ အပေါ်ဆုံးအထပ် (Roof top) ကနေ စက်ရှိန်တစ်ယောက် မန္တလေးရဲ့ညကို ခံစားသက်ဝင်နေသည်။ နေ့လည်ပိုင်း Meeting ပြီးတော့ ညပိုင်းလုပ်ငန်းရှင် ဧည့်သည်တွေနဲ့ တွေ့ဆုံရမည်ဖြစ်တာကြောင့် ညနေ (၆)နာရီ တည်းက ဟိုတယ်ရဲ့ Bar ကို ရောက်နေခြင်းဖြစ်သည်။ ခဏ အကြာမှာတော့ ရှယ်ယာဖိုင်တွဲကို သတိရတာနဲ့ စက်ရှိန် အခန်းဆီသို့ ခဏ ပြန်ဆင်းလာခဲ့သည်။

ဓာတ်လှေကားအတိုင်းမဆင်းပဲ ရိုးရိုးလှေကား သုံးကာ ငါးလွှာဆီသို့ ရောက်လာခဲ့သည်။ ငါးလွှာ၏ လှေကားအဆင်း တစ်နေရာတွင် ပုံရိပ်နှင့် အတက်အဆင်း ပက်ပင်းကို တိုးလေတော့သည်။

" ဟော ပုံရိပ်...အခုထိ အလုပ်မဆင်းသေးဘူးလား။ ညတောင် ရောက်နေပြီ "

" ဟုတ်...ဒီနေ့ည ဂျူတီကျတဲ့ ဝန်ထမ်းကောင်လေးတစ်‌ယောက်က နေမကောင်းလို့ ခွင့်တိုင်တာနဲ့ ပုံရိပ်က Overtime ဆင်းပေးရတာ။ ဒီနေ့ညကလည်း Puppet Show ရှိတဲ့ညဆိုတော့ ဟိုတယ်အပြည့် ဧည့်သည်တွေရှိတာကြောင့် လူမနိုင်လို့ပါ "

အချစ်တွေနဲ့ မိုးထားတဲ့ အိမ် {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮} - အချစ်တွေနဲ့ မိုးထားတဲ့ အိမ် Where stories live. Discover now