Part 1

205 9 0
                                    

"ပို့တုန်းက သူပဲပို့ပြီးအခုမှ *င်လာယားနေတာ!"

[နာမည်.... ဇယ်ဗာနာ

မွေးသက္ကရာဇ်... ၉.၉.၂၀၀၂

အရပ်အမြင့်...၅'၈]

ငယ်ခင်စဉ်ကထဲက မိဘအုပ်ထိန်းမှုအောက်မှာ ကြီးပြင်းလာသည့် မိန်းကလေးမဟုတ်။
လန်ဒန်မှာနေပြီးကိုရီးယား၊ဗမာ ကပြားဖြစ်သည့်ဦးလေး ဖြစ်သူ ဗဲလက်စကို ထံ၌ငယ်စဥ်ကထဲကစောင့်ရှောက်မှု ခံယူရင်း ကြီးပြင်း လာသူ။ ထို့ပြင် ဗဲလက်စကို သည် ဂေးတစ်ယောက်ပင်။ဂေး ဆိုပေမဲ့ သိက္ခာပြည့်ပြည့်ဝဝရှိသည့် သူပင်။ ဇယ်‌ဗာနာကြောင့် ပါတနာကို မရှာဖွေဘဲ ‌သူမကိုသာ ချစ်ချင်းမေတ္တာအပြည့်အဝပေး၏။

ဇယ်ဗာနာသည် သူမ၏မြန်မာသူစစ်စစ်ဖြစ်သည့်မိခင်သွေးပါပေမဲ့ ကိုရီးယားသားဖြစ်သည့်ဖခင်၏‌ေသွးအပြည့်ပါသည်။အထူးသဖြင့် ရယ်လိုက်ရင် ခပ်ရေးရေးပါးချိုင့်နဲ့ နက်နက်နဲနဲမျက်ခုံးတစ်စုံ၊သွားတန်းဖွေးဖွေးလေးနဲ့ သိပ်ကို လိုက်ဖက်သည်။
မိဘတွေနှင့်ပတူ မနေဘဲ ငယ်စဉ်ကတည်းက လန်ဒန်မှာသာ ဦးလေးဖြစ်သူနှင့်နေသည်။

အရိုင်းပင်လေးကို စောက့်ရှောက်သည့် ဦးလေး...
ဦးလေးဖြစ်သူက သူမကိုအလွန်ပင်ချစ်ရှာသည်။
လန်ဒန်မှာ နာမည်ကြီး YU company ကို တည်ထားသည့်ဗဲလက်စကိုသည် အခြားနိုင်ငံများတွင်လဲ company များ တည်ထောင်ထားသည်။ဗဲလက်စကိုက ဇယ်ဗာနာကို သမီးအရင်းတစ်ယောက်လိုပြုစုပျိုးထောင်ပေးခဲ့သော်လဲ အရိုင်းပင်လေးပမာပင်။
အဘယ့်ကြောင့်ဆိုသော် ဗဲလက်စကိုသည် သူမ ဖြစ်သူအားသိပ်အလိုလိုက်သည်။

အခုလည်း ဇယ်ဗာနာ၏ငယ်သူငယ်ချင်း ဖြစ်သူ ဝီနီယာသည် သူမ၏ချစ်သူ အယ်လီနှင့် 4  years anniversary အတွက် ဇယ်ဗာနာကို ဖိတ်တာ ဖုန်း‌ဆကိပြီ ကျက်သရေရှိရှိဝတ်ခဲ့ဟုဆိုပြီး ဖုန်းချသွားသောကြောင့် စိတ်တိုတိုပင် ဆဲလိုက်သည်။
ဖုန်းထဲမှာပြောတာကတော့ အယ်လီရဲ့ သူငယ်ချင်း ကပြားတဲ့။ဇယ်ဗာနာလို ကပြားပေမဲ့ ထို မိန်းကလေးက ပြင်သစ် ဗမာတဲ့လေ။
ဝီနီယာက သူ့ကိုပါတနာရ‌စေချင်နေပြီ ။ထို့နောက် ဒိတ်တွေခနခနလုပ်ပေးပေမဲ့ ဘယ်လိုမှ အဆင်မပြေ။
သူလဲ ပါတနာလိုချင်နေပြီလေ...၂၁ရောက်နေပြီ တစ်ခါမှရည်းစားမထားတာလား မရတာလား‌ဆ်ိုရင် ဇယ်ဗာနာတို့ကတော့ မရဘူးလို့ မဖြေပဲ မထားတာလို့ မာနကို ရှေ့တန်းတင်ကာပြောတက်သည်။လေးလေးက လဲ ထားခိုင်းနေပြီ ခက်တာကမရ။

ObsessionWhere stories live. Discover now