part 3

35 4 0
                                    

"လေးလေး"

လက်ထဲက နေကြာပန်းစည်းအား ကိုင်ကာ လေးလေးရှီကို လျှောက်သွားလိုက်သည်။
ဟုတ်သည်။ဒီနေ့ကလေးလေး‌ေမွနေ့ သို့ပေမဲ့ လေးလေးသည်မအားသောကြောင့် ဘာမှမပြင်ဆင်ပါ။မနက်ကျရင် စောစောထသွားတက်ငည့်လေးလေးက အရေးကြီးကိစ္စဟုဆိုကာထွက်သွားသည်။

အခုလဲ ဇယ်ဗာနာက လေးလေးအတွက် မွေးနေ့ လက်လက်ဆောင် နေကြာပန်းစည်းလေးအား လေးလေး၏ကုမ္ဗဏီအခန်းထဲသို့ ဝင်လာသည်။

Laptop ကိုကြည့်နေရာမှ လေးလေးသည် ဇယ်ဗာတာ့၏ခေါ်သံကြောင့် ကြည့်လိုက်တယ်။

"ဟက်ဘီဘက်ဒေးပါ ဗဲလက်စကို"

နေကြာပန်းစည်းအား လေးလေးအလုပ်စားပွဲခုံပေါ်မှာတင်လိုက်ပြီးပြောလိုက်တော့ လေးလေးကပြုံးပြသည်။အရှေ့က ဆိုဖာပေါ်မှာ ထိုင်လိုက်ပြီး သက်ပြင်းချလိုက် ပြုံးလိုက်လုပ်နေတဲ့ ဇယ်ဗာနာကို ဗဲလက်စကို ကြည့်လိုက်ပြီး တစ်ဖန် အလုပ်လုပ်နေလိုက်သည်။

"တွေ့ခဲ့လို့လား"

တော်တော်ကြာမှ ထွက်လာသည့် ဗဲလက်စကိုက ဇယ်ဗာနာကို မကြည့်ဘဲ ပြောလိုက်သည်။
ဇယ်ဗာနာသည် သက်ပြင်းချရင်း

"ချစ်မိသွားပြီ..."

ဗဲလက်စကိုသည် သူ့၏တူမပြောနေသည့်မျက်ဝန်းများကိုကြည့်လိုက်တော့ ထို မိန်းကလေးကိုဘယ်လောက်ချစ်ကြောင်းပေါ်လွင်နေသည်။

^^

"ဟေး ဗာနာ"

ထိုအသံနှစ်သံကြားစရာမလိုသည့် အယ်ဒါရာ၏အသံ
သူလှည့်လိုက်တော့ စီးကရက်တစ်ခုကို လက်ညိုးနဲ့ လက်ခလယ်ကြား ညှပ်ကိုင်ထားသည်။

လမ်းသွားရင်းနဲ့တောင်စီးကရက်လောက်သောက်တာလား?

"အံ့ဩနေတာလား"

ပြုံးကာပြောသည်။ထိုအပြုံးသည်လဲ အသက်မရှိတဲ့အပြုံးနှင့်သာ။

For you ဆိုသည့် ပန်းဆိုင်ထဲက ထွက်လာသည့် ဇယ်ဗာနာသည် လက်ထဲ၌ဒေစီပန်းစည်းကိုလဲကိုင်ထားသည်။
ပုံမှန်အတိုင်း ဇယ်ဗာနာက ဝတ်ဆင်ထားပေမဲ့ အယ်ဒါရာကတော့အရင်ကနှင့်မတူအောင် အနက်ရောင်ဒူး‌လောက်ရှည်ဂါဝန်သာဝတ်ဆင်ထားသည်။
အညိုရောင် မိတ်အပ်ကိုမျက်နှာ၍လိမ်းချယ်ထားပြီး နှုတ်ခမ်းထက်၍အညိုရောင်‌ေပါ်လွင်လေသည့်အပြင်အဆင်က တမူလှနေလေရဲ့။

ObsessionWhere stories live. Discover now