"ဒီတော့ မင်းက မြန်မာနိုင်ငံ သွားမှာပေါ့နော်"
ကားမောင်းနေရင်း ဇယ်ဗာနာရှိမှ ထွက်လာသည့်စကားကို အယ်ဒါနာ ဘာမှပြန်မပြော။သူပြန်ပြောချင်စိတ်လဲမရှိဘူး။ ဘယ်နိုင်ငံမှ မသွားချင်ဘူး ဖြစ်နိုင်ရင်။သို့ပေမဲ့ မိခင်ဖြစ်သူရဲ့ မေတ္တာအဖွားလေးရှိတဲ့ မြန်မာနိုင်ငံသွားချင်ခဲ့တာ...ဒါပေမဲ့ သူ...သူ ဇယ်ဗာနာ့ကိုမခွဲနိုင်ဘူး။
ကားမောင်းနေသည့် ဇယ်ဗာနာ့ကို သူ့ကြည့်လိုက်တယ်။သူ..ဇယ်ဗာနာ့နားမှာပဲနေချင်တယ်။ပြီးတော့အကြည့်လွှဲလိုက်တယ်။ထို့နောက် ဟင်း ခနဲအသံပြုလိုက်တယ်။
ခနကြာတော့ ဇယ်ဗာနာက ကားကိုဘေးထိုးရပ်လိုက်တယ်။ပြီး အယ်ဒါရာ့ဘက်ကိုမျက်နှာ မူလိုက်ပြီး"ကိုယ်မင်းနဲ့အတူ မြန်မာနိုင်ငံကို လိုက်လို့ရလား"
"ဟမ်"
"အင်း မင်း ဟိုတယ် မှာ တည်းလိုက် ဒါရာ...ကိုယ် လက်မှတ်ဖျတ်လိုက်မယ် မနက်ဖြန်သွားကျတာပေါ့"
••
"ဘာ!"
"အာ...လေးလေးရာ ဘာသံကြီးနဲ့လဲ"
" ဗာဗာလေး က မြန်မာ ကို တစ်ခါမှ မရောက်ဘူးဘူးလေ"
"အာ.....ေမွးရပ်မြေက မြန်မာပြည်ပါ ...လေးလေးကလဲ ပါးနဲ့မား ရှိတယ်မဟုတ်လား"
ဗဲလက်စကိုသည် သက်ပြင်းချ၍
"လေးလေးလူထည့်....."
"ဘာကို ဘာကိုလဲ မရဘူး မထည့်နဲ့ .... အယ်ဒါရာကောပါမှာ"
လေးလေးသည်ဇယ်ဗာနာအား မှုန်တုန်တုန်ကြည့်သည်။
"တော်တော့ဗျာ လေယာဉ်လက်မှတ်တောင် တွေ ဟိုမှာနေမဲ့နေရာတွေတောင် စီစဉ်ပြီးပြီ လေးလေးမလွှတ်လဲသွားမှာ"
||
ပထမဆုံးလေယာဉ်ပေါ်ကအဆင်း မြန်မာပြည်ကို ဒုတိယမြောက်ခြေချခြင်း။ခပ်အေးအေးတိုက်ခတ်လာသည့် လေလေးအား ရှူရှိုက်လိုက်သည်။
"အဟွတ်"
ဘေးနားက ကြားလိာက်ရသည့် ချောင်းဆိုးသံကြောင့် အယ်ဒါရာကြည့်လိုက်သည်။
"ဗာနာ"
ဇယ်ဗာနာသည် ရင်ဖတ်အားဖိရင်း
"ဖုန်ထူလိုက်တာ သွားရအောင် ဒါရာ ဒီမှာ ဆက်နေလို့မဖြစ်ဘူး"
![](https://img.wattpad.com/cover/346848723-288-k20966.jpg)