မနက်ခင်းစောစော၏နေရောင်ကြောင့် အယ်ဒါရာ နိုးခဲ့သည်။
မျက်နှာသစ် ပြီး အခန်းထဲပြတင်းပေါက်ကို ဖွင့်လိုက်သည်။
ခပ်အေးအေးတိုက်ခတ်လာသည့်လေထုက ဝမ်းနည်းနေချင်စရာကောင်းသလို။
အခုတလော ခြေလမ်းတွေရှုတ်နေသည့် ဇယ်ဗာနာကြောင့်လို့လဲမမှားပေ။တီ့တီ့တီ့
ရုတ်တရက်မြည်လာသည့်ဖုန်းသံကြောင့် အယ်ဒါရာ ဖုန်းကိုကောက်ကိုင်၍ အိပ်ယာပေါ်လှဲချလိုက်သည်။
"ရား!"
ကိုးရီးယားအသံပြုသည့်တစ်ဖက်က အသံကြောင့် အယ်ဒါရာသည် ဖုန်း contact name ကိုကြည့်လိုက်သည်။
'ဂျန်နီဖာ'
"နင်ပြန်ရောက်နေတယ်မဟုတ်လား"
ပုံမှန်သံပြန်အေးသွားသည့် ဂျန်နီဖာအသံက သူ့ကိုစိတ်ဆိုးနေမှန်းသိသာပါသည်။
သေချာပေါက် အယ်ဒါရာမနေ့ကမှ တင်လိုက်သည့် ဓာတ်ပုံကြောက့်ထင်ပ"တောင်းပန်ပါတယ်...ငါမအားလို့နင့်ကို...."
"နင်အခုဘယ်မှာလဲ အိမ်မှာလား"
"အင်း အိမ်မှာပဲ နင်လာခဲ့လေ"
ဂျန်နီဖာသည် ဘာမှပြန်မပြောဘဲ ဖုန်းချလိုက်သည်။
သေချာပေါက်သူလာမှာပေါ့။ထိုမနက်ခင်းသည်လဲ ဇယ်ဗာနာမရှိပေ။
ကျွန်မရင်ဖက်ထဲက အရမ်းနာကျင်ရတယ် ဗာနာ သိရင်သိပ်ကောင်းမယ်။
ဂျန်နီဖာလာရင် အိမ်မှာမနေဘဲ အပြင်သွာကြဖို့ အယ်ဒါရာဆုံးဖြတ်လိုက်သည်။**
ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ မိန်မိန့်ကြီးထိုင်နေသည့် ဂျန်နီဖာသည် အပေါ်ထပ်က အပြင်သွားရန်ပြင်ဆင်နေသည့် အယ်ဒါရာအား ခြေချိတ်ကာ ထိုင်စောင့်နေသည်။
"ဂျန်ဂျန်"
ထိုနာမည်ကြားတော့ ဂျန်နီဖာသည် အယ်ဒါရာ့အားအံ့ဩသလိုစိုက်ကြည့်နေသည်။
ငယ်ငယ်ထဲသူငယ်ချင်းဖြစ်ခဲ့တယ် အယ်ဒါရာ နိုင်ငံခြားသွားတော့လဲ သူတို့အဆက်အသွယ်မပျက်ခဲ့။
Vedio call တွေခေါ်တယ် ဖုန်းတွေခေါ်ပြီးရင်းရင်းနှီးနှီးစကားတွေပြောခဲ့ကြသည်။
၁၄ နှစ်လောက်အပြင်မှာမတွေ့ဘဲနေခဲ့ရသည်။
ထိုသည် တစ်ယောက်ကိုတစ်ယောက် ခပ်စိမ်းစိမ်းတော့ကြည့်နေလေရဲ့။
အယ်ဒါရာသည် သူငယ်ချင်းဖြစ်သူ ဂျန်နီဖာကို ပြေးဖက်လိုက်သည်။
![](https://img.wattpad.com/cover/346848723-288-k20966.jpg)