"မသိဘူးဗျာ လေးလေးရာအဲ့နေ့က ထားခဲ့ရသလိုကြီး""ထားခဲ့ရသလို? ဗာဗာလေး ဘယ်သူမို့ ဗာဗာလေးကို ထားခဲ့ခံရသလိုလုပ်လိုက်တာလဲ"
"အယ်လီသူငယ်ချင်း အယ်ဒါရာ....ဒါမဲ့လေးလေး ဝင်မပါပါနဲ့ သူ့ကိုစိတ်အနှောက်အရှက်ဖြစ်စေချင်ဘူး"
လေးလေးအကြောင်းကို သိသူဖြစ်တဲ့ဗယ်ဗာနာသည် ထိုသိူ့ပြောလိုက်သည်။
လေးလေးသည် သူ့အပြောကိုရယ်လိုက်ပြီး"အို အို...ဗာဗာလေးကတော့ စိတ်အနှောက်အရှက်ဖြစ်ခံမယ်ပေါ့....အယ်ဒါရာ အယ်ဒါရာ သူ့ကိုမြင်ဘူးချင်လိုက်တာ လေးလေးရဲ့ ဗာဗာလေးကို ဘယ်လိုတောင် ညို့လိုက်ပါသလဲ"
လေးလေးသည် ခေါင်းတစ်ခါတစ်ခါနဲ့ပြောနေသည်။
လေးလေး၏အပြောကိုပြန်မဖြေဘဲ ကားသော့ယူကာ"လေးလေးပဲတွေးလိုက်တော့ "
ဟုပြောကာ ဇယ်ဗာနာသည် ထွက်လာလိုက်သည်။
°°°
ဇယ်ဗာနာ ထွက်လာခဲ့သည်က တခြားမဟုတ်။ဝီနီယာတို့အိမ်။
သေချာပေါက်တော့ ဟိုနေ့က ကိစ္စကြောင့် ဇယ်ဗာနာအပြောခံရတော့မယ်။ဒီနှစ်ရက်လုံးလုံး ဇယ်ဗာနာသည် အပြင်လဲ မထွက်သလို ဖုန်းလဲပိတ်ထားသည်။
"ဟေး ဝီနီယာ"
ခြံထဲကားထိုးဝင်ကာ ဇယ်ဗာနာကားမှန်ကိုချပြီး ဒန်းပေါ်မှာ ဖုန်းသုံးနေသည့် ဝီနီယာ အား ခေါ်လိုက်သည်။
ဝီနီယာသည် ဇယ်ဗာနာရောက်နေမှန်းသိပါသည်။သို့သော် သူ့ဘက်ကတော့ စကားစမပြောနိုင်ပါ။ anniversaryညလေးမှာတောင် ဇယ်ဗာနာကြောင့် သူကောင်းကောင်းမပျော်ခဲ့ရ။ဇယ်ဗာနာ၏နှုတ်ဆက်မှုကို မျက်ခုံးပင့်လိုက်တော့ ဇယ်ဗာနာစီက တစ်ခါမှမကြားဘူးသည့်စကား။
"မင်းရဲ့အချစ်ကော"
"အယ်ဒါရာ တို့အိမ်သွားတယ် .... ဘာကိစ္စလဲ"
အယ်ဒါရာဆိုသည့် နာမည်လဲကြားတော့ ဇယ်ဗာနာသည် ကားပေါ်ကနေဆင်းပြီး ဝီနီယာ နားသွားထိုင်သည်။
"မင်းသူ့ကိုသဘောမကျနဲ့ ဗာနာ သူက အမျိုးသမီးကောင်းမဟုတ်ဘူး"