"ဒါဆို အဖေတူအမေကွဲ မဟုတ်ရင် အမေတူအဖေကွဲ ညီမတွေပေ့ါ "
ထိုစကားကြောင့် အယ်ဒါရာက ရီမိပေမဲ့ ဇယ်ဗာနာကတော့ မျက်ဝန်းရဲရဲများနှင့် ဒေါသထွက်နေဟန်။
ထိုကောင်လေး၏စကားကို အငြင်းပြောပြီး အဖြစ်မှန်ပြောလိုက်သည်။"ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါအုန်း"
နာရီနှင့်ချီစွာ စကားပြောပြီး ထိုကောင်လေးဘက်က စကားဆိုလာသည်။
ထိုကောင်လေးပြန်သွားတော့ ဇယ်ဗာနာက အခန်းထဲဝင်သွားသည်။အယ်ဒါရာလဲနောက်ကလိုက်ပြီး အခန်းထဲဝင်ကာ အခန်းတံခါးကိူလော့ချလိုက်သည်။
"အင့်..!"
ရုတ်တရက် နှစ်ခမ်းပါးကိုနမ်းလာတာကြောင့်လန့်သွားသည်။
တစ်ဖြည်းဖြည်းအနမ်းတွေတိုးလာတာကြောင့် အသက်ရှူကြပ်ပြီး အတင်းရုန်းသော်လဲ မလွှတ်ပေး။
အောက်နှုတ်ခမ်းကို ကိုက်ဆွဲလာတာကြောင့် နာကျင်၍ ဟမိသည်။
ဟမိတာကိုအခွင့်ကောင်းယူ၍ ဆက်လက်နမ်းသည်။
လူက တကယ့်ကိုအသက်ရှူကြပ်တော့ ရှိသမျှအားသုံးကာ တွန်းလိုက်ပြီး အသက်ကိုပြင်းပြင်းရှူရသည်။"Phile နောက်တစ်ခါ အဲ့ကောင်ကို အဲ့လိုမဆက်ဆံနဲ့ မဟုတ်ဘူး...အဲ့ကောင်နဲ့မျက်နှာချင်းတောင်မဆိုင်နဲ့"
ရုတ်တရက်ပြောလာသည့် ဇယ်ဗာနာကြောင့် အယ်ဒါရာ မျက်ခုံးကျုံ့မိပါတယ်။
တစ်ဖက်ကအရင် ကိုယ့်အိမ်ကိုလာပြီး မိတ်ဆက်တယ် လက်လက်ဆောင်ပေးတယ် ဒါကို ကိုယ်ကတောင်ဘာမှ ဧည့်ဝတ်မကျေပေးလိုက်ရဘူး။ဒါကိုတောင် ဇယ်ဗာနာက ဘာကိုမကြိုက်တာကြောင့် အယ်ဒါရာ့ကို ဘာကြောင့်မျက်နှာချင်းတောင်မဆိုင်ဖို့ပြောရတာလဲ။
"ဘာလို့လဲ ဗာနာ"
ထိုအချိန် တစ်ဒူဒူနှင့်မြည်လာသော စားပွဲခုံပေါ်က ဇယ်ဗာနာ့၏ဖုန်း။
"မဟုတ်ပါဘူး ငါမအားလို့"
"မမေ့ပါဘူးဆို အဆင်ပြေတယ်မှတ်လား"
"ဒါဆိုအခုထွက်လာခဲ့မယ်လေ"
ဖုန်းပြောလို့ပြီးသွားသည့် ဇယ်ဗာနာသည် သူ့ကိုလက်ပိုက်ကာကြည့်နေသည့် အယ်ဒါရာ့အား
![](https://img.wattpad.com/cover/346848723-288-k20966.jpg)