"ဆိုတော့ မင်းကအဘွားအိမ်မှာဘဲတည်းမှာပေါ့"
အယ်ဒါရာက စိတ်ဆိုးသည့်အသံနှင့်မေးတော့ ရှိန်းခန့်ညားမောင်ခမျာ အားနာသလိုပြုံး၍
"ဟုတ် အဲ့လိုစီစဉ်ထားလို့ပါ"
"ဒါဆို ငါစီစဉ်ထားသမျှ အကုန် သဲထဲရေသွန်သလိုဖြစ်သွားပြီ"
ရှိန်းခန့်ညားမောင် သည် အားနာသောပုံစံဖြင့်
"စိတ်မကောင်းမဖြစ်ပါနဲ့ ကျွန်တော် ခနခနလာလည်မှာပါ..ဟိုအမကော မတွေ့ပါလား"
ဧည့်ခန်းဘေးတစ်လျှောက်ဟိုကြည့်ဒီကြည့်ရင်း အယ်ဒါရာ့အားမေးလိုက်သည်။
"အငယ်လေးနဲ့ ဈေးသွားဝယ်ကြတယ်..အငယ်လေးက မွေးစားညီမပါ"
အယ်ဒါရာပြောတာကို ရှိန်းခန့်ညားမောင်က ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့နားထောင်ပြီးမှ
"အယ်ဒါရာ က ပြင်သစ် ကပြားဆိုတာသိပေမဲ့ ဟိူအမကရော သူမက ကပြားနဲ့တူတယ်"
"အင်း..လန်ဒန်ကပြားလေ"
"ဖူးစာထင်တယ် ကပြားချင်းဆိုတော့ဗျာ"
"အင်း မင်းလဲအားကျရင်ရှာလေ"
"အဲ့လိုမျိုးမဟုတ်ပါဘူး အဲ့ဘက်စိတ်မရောက်ပါဘူး "
"အင်းပေါ့လေ ဆေးကျောင်းသား ဆိုတော့လဲ ဒါမဲ့လူငယ်ဘဲကို အပျော်ရှာစမ်းပါ "
အယ်ဒါရာသည် ရှိန်းခန့်ညားမောင်ကို ရွှမ်းရွှမ်းစားစကားများနောက်ပြောသလိုပြောတော့ ရှိန်းခန့်ညားမောင် မနေတက်၍ နဖူး၌ ချွေးများပြန်လာသည်။
"ဟေး စတာပါ တကယ်မနေတက်ဘူးကိုးး ရော့ တစ်သျှူး"
အယ်ဒါရာက စားပွဲခုံပေါ်က တစ်သျှူးကိုကမ်းပေးသည်။
တော်တော်ကြာတဲ့အထိ ရှိန်းခန့်ညားမောင်အတွက် သက်တောင့်သက်သာဖြစ်စေသည့် စကားများကိုသာ အယ်ဒါရာပြောပေးတော့ အစကထက်ပိုရင်းနှီးကာ အဆင်ပြေလာကြသည်။
"ကျွန်တော်ပြန်အုန်းမယ်မဟုတ်ရင် အဘွားက ကျွန်တော့ ဂိ ဖြစ်သွားအောင်လုပ်လိမ့်မယ်"
ရှိန်းခန့်ညားမောင်က ညာဘက်လက်ကလက်မဖြစ် လည်ပင်းကိုဖျတ်သလိုလုပ်စံလုပ်ပြပြီးပြောသည်။
![](https://img.wattpad.com/cover/346848723-288-k20966.jpg)