part 4

26 4 0
                                    

"အချိန်အနေဘာထူးသေးလဲ ‌ဗာဗာလေး"

လေးလေးသည် ထမင်းဝိုင်း၍ထိုသို့ပြောသည်။

"လေးလေးက လဲ အခုမှ အစပဲရှိပါသေးတယ်"

"ဗာဗာလေးက အလုပ်အကိုင်မရှိရင် အယ်ဒါရာ ဆိုတဲ့ မိန်းကလေးမှ မဟုတ်ဘူး ဘယ်သူမှ ကြိုက်မ‌ှာ မဟုတ်ဘူး"

"ဘာဆိုင်လို့ "

"တခြားသူမပြောဘူး အယ်ဒါရာ
သူက မိန်းကလေးလေ နူးညံ့ပျတ်သားတယ်..
အရှည်ကြီးမပြောဘူး...သူလဲ အားကိုးရှိမှ လက်ခံမှာပေါ့"

ဇယ်ဗာနာသည် ပြုံး၍

"အပိုတွေ မပြောနဲ့လေးလေး..လေးလေးရဲ့ company မှာ ဝင်လုပ်စေချင်နေတာမဟုတ်လား..စိတ်မဝင်စားပါဘူးဆိုမှ.."

လေးလေးသည် သက်ပြင်းချ၍

"ဗယ်ဗယ်လေးမှာ အလုပ်မရှိဘဲ အယ်ဒါရာဆိုတဲ့ ဗမာ စကားကောင်းကောင်းပြောတက်တဲ့ သူက ပြန်ကြိုက်မယ်မထင်ဘူး"

"မဆိုင်တာလေးလေးရာ...လေးလေးသူ့အကြောင်းစုံစမ်းထားတယ်လို့တော့မပြောနဲ့..စုံစမ်းတာက ရတယ်..ဒါမဲ့ ဗာနာ့ ကိစ္စထဲ ဝင်မပါပါနဲ့...ဗိုက်ပြည့်ပြီ"

ပြောပြီး ထသွားတဲ့ ဇယ်ဗာနာဟာ တစ်နေ့ထက်တစ်နေ့ပျက်သားလာသည်။

••

[ အမည်....အယ်ဒါရာ

မွေးသက္ကရာဇ်...၂၁.၁၂.၂၀၀၂

အရပ်အမြင့်...၅'၇" ]

"ပြန်လာတာနောက်ကျပါလား အယ် ဒါ ရာ "

မိမိ၏နာမည်အား တစ်လုံးချင်းစီခေါ်သည့် အဖေဖြစ်သူ၏စကားကို အသက်မပါသောအပြုံးများဖြင့်ပြုံး၍

"ကျွန်မအထင် အမ်....ကျွန်မအိမ်ပြန်ရောက်တာ ၁၀ မိနစ်စောတယ်"

ဧည့်ခန်းထဲက နာရီအားကြည့်ပြီး အယ်ဒါရာပြောလိုက်သည်။

"မင်း အချိုးပြောင်းသင့်ပြီ"

အဖေဖြစ်သူသည် အယ်ဒါရာ့ အမေကွယ်လွန်ပြီး တစ်ပတ်ကြာခထဲက ထိုစကားစပြောလာတာ အယ်ဒါရာ မှတ်မိသေးပါသည်။
အခုဆို ၁၄ နှစ်တောင်ကြာခဲ့ပြီ အဖေဖြစ်သူကပြောနိုင်တုန်း
အယ်ဒါရာ ၇ နှစ်အရွယ်ထဲက အဖေက အဲ့စကားစပြောခဲ့တာ။အဖေဖြစ်သူအဲ့စကားတွေပြောတိုင်းသူပြန်ပြောတာက

ObsessionWhere stories live. Discover now