London,
ဟန်နီချိုတဲ့ ။
သူငယ်ချင်း မိန်းကလေးက ဟန်နီချိုတဲ့။
ချစ် ဖို့ကောင်းတဲ့ သူငယ်ချင်းလေးပဲ။လန်ဒန်ရောက်တော့ သူငယ်ချင်းဖြစ်သူ ဟန်နီချိုကို အိမ်မှာ တည်းကာ။
အယ်ဒါရာကတော့ အားနာလို့ ဟိုတယ် မှာပဲ တည်းဖြစ်သည်။"အယ်ဗာ..မမဒါ ကို အိမ်မှာ တည်းခိုင်းလဲ ရတာကို"
"နင် နားလိုက်တော့ ဂျပုမ"
"ချီးပဲ!"
ဂျပုမ ဖြစ်သူ အဲ သူငယ်ချင်း ဖြစ်သူ ဆဲသံလေးကို ကြားဖြစ်အောင် ကြားလိုက်ပါသေးတယ်။
လေးလေးကိုလဲ အကုန်လုံေပြာပြတော့။သူ့ကို ညံ့လိုက်တာ ဗာဗာလေးရယ် လို့ပြောတယ်။သူကျတော့ ရည်းစားမရှိတာကို လေးလေးတို့က။ဒီနေ့ လေယာဉ်စီးလို့ ပင်ပန်းလာသမျှ အခန်းထဲမှာပဲနားလိုက်သည်။လူကသာ နားသာ စိတ်ကတော့ အယ်ဒါရာ့ဆီမှာ။
အော်ခဲ့မိတာတွေ လေသံမာမာနဲ့ပြောခဲ့မိတာတွေအတွက် သူစိတ်မကောင်း။သို့ပေမဲ့ အယ်ဒါရာ ဆိုတဲ့ မိန်းကလေးက အလိုလိုက်ရင်ဆိုးမယ် အလွယ်ရရင် ခနထဲနဲ့ စွန့်ပစ်မယ်။
တောင်းပန်ပါတယ် အချစ်ရယ်။
အခုကော ဘာလုပ်နေမလဲ။တီ့ တီ
ဖုန်းလာတာကြောင့် ကြည့်လိုက်တော့ ' phile '
ဟူသော connect က ထင်းလို့ပေ။"ဟယ်လို "
တစ်ဖက်က ထွက်လာသည့် ခပ်ငယ်ငယ် အသံလေးကြောင့် ဇယ်ဗာနာ ပြုံးမိပြန်သည်။
"အင်း ပြောလေ ဒါရာ"
တစ်ဖက်က ဘာသံမှ မပြန်တာကြောင့် ဇယ်ဗာနာ စိတ်ပူသွားရသည်။
"ဒါရာ အယ်ဒါ-"
"ဗာနာ ဘာလို့ ကျွန်မ အပေါ် စိမ်းနေရတာလဲဟင်"
အယ်ဒါရာသည် တဂယ်မနေနိုင်တော့ပါ အနည်းဆုံးတော့ ကိုယ်ချစ်တဲ့ သူစီက ဂရုစိုက်မှုရေး ဖြစ်" လိုချင်တယ်။ဒီတိုင်းလေးပါပဲ မာနတွေလဲမထားချင်တော့ဘူး။
ဇယ်ဗာနာသည်လဲ ခပ်ငိုင်"ဖြစ်သွားပြီ။
"မအားဘူးလားဟင် "
"အယ်ဒါရာကရော ကိုယ့်အပေါ်ဘာလို့ စိမ်းနေရတာလဲ"
"မသိဘူး"