At Myanmar.
တိတ်ဆိတ်လှသည့် ခြံဝန်းထဲ၌ ကားအချို့က နေရာယူထားလို့နေသည်။အညိုရောင်နှစ်ထပ်အိမ်လေးကလဲ အုံ့မှိုင်းနေသော ကောင်းကင်နှင့်တစ်ထပ်ထဲပင်။
တစ်ဖြည်းဖြည်း အငှားယာဉ်လေးသည် အိမ်ရှေ့တည့်တည့်သို့ရပ်ပေး၏။အိမ်ထဲကိုဝင်လိုက်တော့ ငိုသံရဲ့ရဲ့က ထွက်ပေါ်လာသည်။
ထိုအသံသည် အငယ်လေး၏အသံပင်။"အငယ်လေး~"
ခပ်ဖျော့ဖျော့အသံကြောင့် ဓါတ်ပုံနှစ်ပုံ နှစ်ပုံနားမှာ ထိုင်နေသည့် အငယ်လေးက သူ့ရှီကိုမပြေးရုံတမယ်လာသည်။
"မမလေး...ဟင့်..အဒေါ်ကြီးနဲ့ ဦးလေးကြီးမရှိတော့ဘူး"
ထိုသို့ပြောပြီး သူ့ကိုဖက်ကာငိုနေသည့် အငယ်လေးကို အယ်ဒါရာကိုယ်တိုင် ဘာပြောရမှန်းမသိချေ။
"သမီးကမြန်မာပြည်မှာ ဆက်နေအုန်းမှာလား"
အိမ်ဘေးနားက အဒေါ်ကြီးတွေရဲ့ အမေးကို ငြိုးနွမ်းစွာဖြင့်
"ဒါရာ .. အငယ်လေးကိုခေါ်ပြီး လန်ဒန်ကိုအပြီးအပိုင်သွားဖို့ ဆုံးဖြတ်ထားတယ်..."
အယ်ဒါရာ့အပြောကို ထိုအဒေါ်ကြီးများက ခေါင်းငြိမ့်ကာ လက်ခံကြသည်။
"ကားယဉ်မောင်းတဲ့ ကောင်လေးက လိုတာလေးတွေရှိလို့ ထွက်သွားတယ်..အဲ့ကောင်လေးကလဲ သူ့ကိုယ်သူအပြစ်တင်နေရှာတာ သူ့ကြောင့် လူနှစ်ယောက်အသက်ရှုံးရတယ်ဆိုပြီးတော့လေ အေးလေအသက်နှစ်ချောင်းဆိုတော့လဲ.."
အနည်းငယ်တော့ အယ်ဒါရာ ပြန်တွေးမိရင်း စိတ်တင်းမိတယ်။မတော်တဆိုပေမဲ့ ဘယ်လိုလဲ ကားမောင်းခါစမို့လား။အတက်နိုင်ဆုံး စိတ်ကိုလျော့ချလိုက်ပြီး အရာရာကိုခွင့်လွှတ်ဖို့ ဆုံးဖြတ်ထားပြီးထားပါ။
သက်ပြင်းချလိုက်ပြီး အငယ်လေးကိုကြည့်လိုက်တော့
ဦးလေးနဲ့ အဒေါ့် ဓာတ်ပုံကို မျက်ရည်ဝဲတဲတဲ ဖြင့်ကြည့်လေရဲ့။အင်းပေါ့လေ။
ငယ်"ထဲက သူတို့လက်ထဲမှာပဲ ကြီးပြင်းလာတာဆိုတော့။"အငယ်လေး"
အငယ်လေးအနားသွားလိုက်တော့ သူ့ကို မျက်ဝန်းလဲ့လဲ့များဖြင့်ကြည့် လာလေသည်။
![](https://img.wattpad.com/cover/346848723-288-k20966.jpg)