part 13

13 3 0
                                    

Phile တဲ့
ဇယ်ဗာနာ အယ်ဒါရကိုခေါ်သည့် နာမ်စားက Phile တဲ့လေ။

အဓိပ္ပယ်ကတော့ ချစ်သူ၊ မြတ်နိုးသူ...တဲ့လေ။
အယ်ဒါရာ ပြန်တွေးရင်းရင်ခုန်ရသည်။
ကိုယ်သိပ်သဘောကျသည့်သူက ကိုယ်ကိုပြန်သဘောကျတာ ဘယ်လောက်ကောင်းလိုက်သလဲ။

တီ့ တီ့

တွေးနေတုန်း မြည်လာသည့် ဖုန်းအသံကြောင့် contact name ကိုကြည့်လိုက်တော့ 'ဂျန်နီဖာ'

"ဂျန်ဂျန် ပြောလေ"

အယ်ဒါရာသည် ခုံပေါ်က စီးကရက် တစ်လိပ်အားယူကာ မီးခြှစ်နှင့် မီးညှိလိုက်ပြီူ အောက်နှုတ်ခမ်းသားပေါ်တင်ပြီး ရှိုက်ထုပ်လိုက်ရင်း ဂျန်နီဖာ၏ စကားကိုနားထောင်နေလိုက်သည်။

"အင်း ဒါဒါ ငါအခု အိမ်တွေ့ထားတယ် နင်လဲကြိုက်လောက်မှာ...နင်သဘောကျတဲ့ပုံစံမျိုးလေ...ခြံထဲမှာလဲ ပန်းပင်တွေ စိုက်ထားတယ်..အိမ်လေးကလဲ အညိုရောင် အခန်းအပြင်အဆင်..အိမ်ထဲက အပြင်အဆင်တွေကအစ နင့်အကြိုက်ပဲ ဒါဒါ..ပြီးတော့ အိမ်တစ်အိမ်နဲ့တစ်အိမ်က တော်တော်ခြားတယ်...နင်လိုက်ကြည့် ငါသေချာတော့အကုန်မပြောတက်ဘူး နင်သဘောကျတဲ့ပုံစံပဲ     ဒါဒါ"

"အော...ငါနောက်မှပြန်ဆက်လိုက်မယ်"

ဇယ်ဗာနာ ဖုန်းဆက်သည်မို့ အယ်ဒါရာ့ ဖုန်းအားချကာ ဇယ်ဗာနာ့၏ဖုန်းကိုအမြန်ပင်ကိုင်လိုက်သည်။

"Phile! ဖုန်းကိုင်တာကြာလိုက်တာ"

ခပ်‌အေးအေးလေသံကြောင့် အယ်ဒါရာ ကြက်သီးဖွားဖွားလေးထသွားရသည်။

"ထားပါတော့...ကိုယ့်ကိုတံခါးလာဖွင့်ပေး ကိုယ်မင်းအခန်းရှေ့မှာ"

ထိုစကားကြောင့် အယ်ဒါရာ့ နှုတ်ခမ်းထက် အပြုံးများပန်ဆင်သွားသည်။

ဇယ်ဗာနာ့အား ဘာမှပြန်မပြောဘဲ အခန်းတံခါးအားသွားဖွင့် လိုက်သည်။
တံခါးဖွင့်ဖွင့်ချင်း နားနားကပ်ကာ ဖုန်းကိုင်ထားသည့် ညာဘက်လက်နှင့် ဘယ်ဘက်လက်ကလဲ  luggage တစ်လုံး ကိုင်ထားသေးသည်။

ဇယ်ဗာနာသည် သူ့ရှေ့က ဆံပင် ခပ်ကုပ်ကုပ်ပုံသွင်းထားသည့် မျက်လုံးပြူးပြူးလေးနှင့် ကောင်မလေးအား အသဲယားလာ ၍ အထဲဝင်ကာ ဆွဲဖက်လိုက်သည်။

ObsessionTahanan ng mga kuwento. Tumuklas ngayon