မျက်ဝန်းထဲ၌ စိတ်တိုခြင်းနှင့် စိတ်ပူခြင်းရောနှောနေသည့် ဇယ်ဗာနာသည် အယ်ဒါရာ၏ပုခုံး နှစ်ဖက်ကိုတင်းနေအောင်ကိုင်ထား၍ အသံမာမယနှင့်မေးသည်။
"ငိုထားတယ် ဘာဖြစ်တာလဲ ပြောစမ်း"
ဒူ ဒူ ဒူ
ဇယ်ဗာနာ့၏အိတ်ကပ်ထဲက ဖူန်မှ တစ်ဒူဒူနှင့်မြည်လာသည်။
ထိူအခါ အယ်ဒါရာသည် လမ်းကြောင်းလွှဲရန်"ဖုန်း ဖုန်းလာနေတယ်ဗာနာ"
"ကျစ် ကိုယ်မေးတာဘဲဖြေ"
အယ်ဒါရာသည် မျက်လွှာချထားကာ ဘာကိုမှမပြောဘဲ နှုတ်ခမ်းများကိုတင်းတင်းစေ့ထားသည်။
ဒူ ဒူ ဒူ
"ဟာ ကျစ်
ဘာအရေးကြီးလို့လဲ လေးလေး"'ဇယ်ဗာနာရေ ဖုန်းက ဘာကိစ္စမကိုင်ရတာလဲ အမကြီးတို့ ဖုန်းဆက်တယ် သူတို့ ဒီကဗာဗာလေးအကြောင်းသိသွားတယ် ဘယ်လိုသိသွားလဲဗာဗာေလးလဲသိမှာပါ သူတို့က သိတေယ်တာလေ အမကြီးကိုယ်တိုင်ကိုက ပြီးတော့မိန်းကလေးကိုအပြတ်ဖြတ်ဖို့ သူကိုတိုင်ဖုန်းဆက်...'
"ဘယ်ချိန်ကလဲ"
'မကြာသေးဘူး မိနစ်နှစ်ဆယ်လောက်ပဲရှိ...'
"ပါးပါးတို့ ထပ်ဆက်လာရင် ပြန်ပြောပေးပါအုန်း လေးလေး"
ဇယ်ဗာနာသည်အကြောင်းဆုံသိသွား၍ အယ်ဒါရာအားကြည့်လိုက်ပြီး ဘေးနားက အငယ်လေးအား
"ဘယ်ချိန်က ဖုန်းခေါ်တာလဲ"
ဇယ်ဗာနာသည် အကြောင်းဆုံသိပေမဲ့သေချာအောင်အငယ်လေးအားမေးလိုက်သည်။
"လွန်ခြဲတဲ့ ဆယ်မိနစ်လောက်ကပါ"
ထို့နောက်အယ်ဒါရာအား ဖက်ထားလိုက်ပြီး
"မသွားနဲ့ သွားစရာမလိုဘူး "
"သွားမှာ ဒီတစ်ခါတော့ ငါ့စိတ်အတိုင်းသွားပါရစေ"
"ကျစ် အယ်ဒါရာကကွာ"
စုတ်သတ်ပြီး ပြောနေပေမဲ့ အယ်ဒါရာ့ကို လွှတ်ထွက်သွားဆိုးသည့်ပုံနှင့် တင်းကျပ်စွာဖတ်ထားသည်။
ယခု မြန်မာပြည်သို့ပြန်မည့် လေယာဉ်ပေါ်၌ဖြစ်သည်။
အယ်ဒါရာ အတော်ပင်ဆိုးရိမ်ပါသည်။
အယ်ဒါရာ့ မိခင်နှင့်ဖခင်က သူ့ကိုဘယ်လိုပြောမည်နည်း။
လမ်းခွဲဖို့လား ဟင့် အင်း အဲ့သည်လိုမဖြစ်ပါစေနဲ့။