part 22

21 1 0
                                    


"ဗာနာ..ဟင့်..ငါ့ကိုရွံ..ရွံသွားပြီ.ဟင့်..လားဟင်"

ရှိက်သံတစ်ရှုတ်ရှုတ် အယ်ဒါရာကတိုးညင်း‌ေသာအသံ‌ေလးနှင့်မေးလာလျှင် ဇယ်ဗာနာ့မှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လို့မဆုံး။

လျှင်မြန်စွာဖြင့် သူ အယ်ဒါရာ့အား ဖက်လိုက်သည်။

"အဲ့မဟုတ်ဘူး အဲ့လိုမတွေးပါနဲ့နော်"

"ငါ..ငါ သန့်စင်ချင်တယ် "

"အင်း ဟုတ်ပြီ ရေချိုးရအောင် နော်"

ရင်ခွင်ထဲက ကောင်မလေးသည် ရှိုက်သံများတသ်ရှုံ့ရှုံ့ဖြင့် ခေါင်းငြိမ့်ရှာသည်။

ပေါ့ပါးသည့် ခန္ဓာကိုယ်ကို ပွေ့ချီလိုက်တော့ အားကိုးတစ်ကြီး လည်ပင်းကို ဖက်တွယ်လာသည့် ချစ်ရသူ၏လက်များ။

အပေါ်ထပ်လှေကားပေါ်တက်နေတုန်း သူတို့ကို ငြိုးငယ်စွာကြည့်နေသည့် အငယ်လေးဘက်ကိုလှည့်၍

"ကြက်စွတ်ပြုတ်ပူပူလေး လုပ်ထားပေးနော်"

အငယ်လေးက ခေါင်းငြိမ့်ပြလိုက်တော့ လှေကားဖက်ပြန်လှည့်ပြီး အပေါ်ကို တစ်ဖြည်းဖြည်းတက်သွားသည်။

အခန်းထဲရောက်သော် တံခါးကိုဖြည်းငြင်းစွာ ဘေးတိုက်တွန်းပိတ်လိုက်သည်။
ရေချိုးခန်းထဲရောက်တော့  ရေမရှိသော bath tub ထဲတွင် အယ်ဒါရာ့အားချပေး၍ အဝတ်ချွတ်ပေးရန်အလုပ်

"ငါ့ဘက်ငါ..ဟင့် လုပ်လိုက် ဟင့် မယ်"

လက်ကာပြီး အယ်ဒါရာက ပြောသည်။

"ငါ့ရဲ့ ရွံစရာ ဟင့် ကောင်းတဲ့ ဟင့် ခန္ဓာကိုယ်ကို မမြင်စေချင်ဘူး ဟင့်"

အယ်ဒါရာက ထိုသို့ပြောပြီး မျက်နှာက တစ်ဘက်သို့လွှဲထားသည်။

"Phile ဒီမှာကြည့် ကိုယ့်ကိုကြည့်"

တစ်ဖြည်းဖြည်းလှည့်ကြည့်လာသည့် မျက်နှာငယ်

"အဲ့လိုမဟုတ်ဘူး ကိုယ်အဲ့လိုသဘောမထားပါဘူး Phile အဆင်‌မပြေသေးရင် ကိုယ်ထွက်သွားပေးမယ်"

အယ်ဒါရာသည် ထပ်ပြီးအကြည့်လွှဲသွားပြန်သည်။
ဇယ်ဗာနာ ရေချိုးခန်းထဲမှ ထွက်သွားလိုက်သည်။

ObsessionWhere stories live. Discover now