part 11

13 4 0
                                    

တဆစ်ဆစ်ကိုက်ခဲလာသည့် ခေါင်းကြောင့် အယ်ဒါရာ လူးလှိမ့်နေလိုက်သည်။
နားထင်အား လက်မဖြင့်ဖိကာ တစ်ဖြည်းဖြည်းမျက်လုံးဖွင့်လိုက်တော့ အမဲရောင်မျက်နှာကျက်။
ဟိုတယ်က အမဲရောင် မျက်နှာကျက်လား မနေ့ကကျတော့ အဖြူရောင်လေးပါ။ထပ်ပြီး မျက်နှာကျပ်ကိစ္စမတွေးတော့ပဲနေလိုက်သည်။

ထို့နောက် နားထင်အား လက်မဖြင့်နှိပ်နယ်ကာ
ညက အကြောင်းတွေ ခေါင်းထဲဝင်လာတော့ ငေါက်ခနဲ ထထိုင်လိုက်တယ်။

အပြင်အဆင် ပန်းအိုး၊ ဗီရို ၊ နေရာထိုင်ခင်းကအစ သူနေသည့်ဟိုတယ်နှင့်မတူတာကြောင့် ။သူအနည်းငယ်စဉ်းစားလိုက်သည်။

"မဟုတ်မှ...
ပြန်ပေးဆွဲခံရတာလား ! "

လန့်ပြန့်ကာ အယ်ဒါရာ ကုတင်ပေါ်က ဆင်းမယ်အလုပ်..တံခါးရှေ့မှာမြင်လိုက်ရတဲ့သူကြောင့်

"ဇယ်...ဗာနာ"

ကိုယ်က တစ်အံ့တစ်ဩနှင့် နာမည်ခေါ်လိုက်ပေမဲ့ သူကတော့ရှေ့တိုးခပ်တည်တည်ဖြင့်တိုးလာသည်။

"ဗာ...နာ.."

မတိမ်းမရိမ်းနှစ်ယောက်လုံးရဲ့အရပ်‌ကြောင့် ထို မိန်းကလေးနှရစ်ဦးက ထိကပ်တော့မည့်အလား။
ပါးနှစ်ဖက်လုံးနဲရဲလာသည့် အယ်ဒါရာသည် တစ်ဖက်ကို မြန်မြန်ရွေ့လိုက်ပြီး

"ကျွန်မကိုခေါ်လာပေးလို့ကျေးဇူးပါ ဗာနာ...ပြန်လိုက်ပါအုန်းမယ်"

ဟုပြောကာ အယ်ဒါရာသည် စားပွဲခုံပေါ်က သူမ၏ပိုက်ဆံအိပ်ကိုယူကာအခန်းပြင်ပိုထွက်သွားလိုက်သည်။
ထူးဆန်းလိုက်တာ ဘာမှတောင်မပြောဘူး။

ဧကံတ ဇယ်ဗာနာ့အိမ်ထင်ပါရဲ့။
ဇယ်ဗာနာ့အိမ်ရဲ့ ဓာတ်လေကားထဲဝင်လိုက်တော့ ‌ခုနှစ်ထပ်တောင်တွေ့သည် ။ အဲ့လောက်တောင် ချမ်းသာမယ်မထင်မိတာတော့အမှန်ပါ။
နှစ်ထပ်မြောက်ကို နှိပ်လိုက်သည်။သေချာပေါက် အောက်ထပ်က ဂိုထောင်ပင်။

"တိတ်စိတ်လိုက်တာ ဗာနာက အောက်တောင်လိုက်မပို့ဘူး"

ကိုယ့်လက်မောင်းကား တစ်ချက်နှစ်ချက်ပွတ်လိုက်ပြီး သူအိမ်ရှေ့တံခါးဝကိုရှာလိုက်သည်။
တွေ့ပြီ။

ObsessionWhere stories live. Discover now