part 10

15 5 0
                                    

"ဗာနာရယ် ညက ဖုန်း‌ဆက်ပြောတာ အဲ့အကြောင်းမပါပါဘူး"

ဇယ်ဗာနာသည် ခေါင်းသာငြိမ့်ဟန်ပြုပြီး ကားသာဆက်မောင်းနေခဲ့သည်။သူတို့ ကားလဲပြီးသွားပါပြီ။ အခု လေဆိပ်ကို ဦးတည်မောင်းနေတာပါ။

တစ်ဖက်မှာလဲ စိတ်ဆိုးနေသော ဂျန်နီဖာ အား  အယ်ဒါရာ ချော့နေရခြင်းပင်။

"စိတ်မဆိုးပါနဲ့ ဂျန်ဂျန်ရယ်"

ဂျန်နီဖာသည် လက်ပိုက်ကာ

"ထားပါ...ကားမပါဘူးလား"

အယ်ဒါရာသည် ဂျန်နီဖာ၏ luggage အိပ်ကြီးကို ဆွဲကာ

"Taxi နဲ့လာတာ.."

ထိုအချိန်မှာပဲ taxi ကိုလှမ်းတားရန်ကျန်နေသော အယ်ဒါရာ၏လက်က တွန့်ဆုပ်သွားသည်။
ထိုအရာကတော့ သူတို့ရှေ့မှာလာရပ်သည့် ကားတစ်စီး

"အိုး ဇယ်ဗာနာပဲ"

ကားမှန်ကိုချလိုက်တော့ ဂျန်နီဖာက အံ့ဩသလိုမျိုး စကားစချီတယ်။ဇယ်ဗာနာက ဂျန်နီဖာ နှုတ်ဆက်သည်ကို တစ်ချက်ပင်ကြည့်ပြီး အယ်ဒါရာ့ကိုကြည့်လိုက်သည်။

__

"ဘယ်သွားကြမလဲ"

တိတ်ဆိပ်လှသည့် စားသောက်ဆိုင်ထဲက VIP အခန်းကိုယူထားပြီး ထိုအခန်းထဲ၌ လူ ခြောက်ယောက်က စားသောက်ပြီး ငြိမ်သက်လျက်။
ထိုငြိမ်သက်ခြင်းကို ဖြိုခွဲသူကတော့ ဝီနီယာပင်။
အယ်ဒါရာသည် ဖုန်းကိုသာ အာရုံစိုက်နေပြီး သူ့ကို ပဲကြည့်နေသည့် ဇယ်ဗာနာ့ကိုတော့ အာရုံမရခဲ့။
ဝီနီယာနဲ့အယ်လီကတော့ ထိုအခြင်းအရာကို အာရုံစိုက်နေကြသည်။ဟန်နီချိုနှင့် ဂျန်နီဖာကလဲ ထိုအတိုင်းပင်။

"အဟမ်း ဘယ်သွားကြမလဲ"

အယ်လီက ဝီနီယာ့၏စကားကိုထောက်ခံသလို ထပ်သတိပေးလိုက်သည်။
ဇယ်ဗာနာသည် ဘေးနားက အအေးခွက်အားသောက်လိုက်ပြီး ခွက် ခနဲမြည်အောင် ဖန်ခွက်အားချလိုက်သည်။

သို့သော်လဲ အယ်ဒါရာက ဖုန်းက မချခဲ့ပေ။
ခနလောက်ကြာတဲ့အထိ သူငယ်ချင်းဖြစ်သူရဲ့ စိတ်ကိုသိသည့် အယ်လီ နဲ့ ဝီနီယာက လဲ ဘာမှ ဝင်မပြောသလို ဧည့်သည် သူငယ်ချင်းတွေဖြစ်သည့် ဟန်နီချိုနှင့် ဂျန်နီဖာက လဲ ဘာမှဝသ်မပြောဘဲ ထိုအခြေအနေအား စူးဆန်းနေကြသည်။

ObsessionWhere stories live. Discover now