part 24

30 2 0
                                    


"ညစာတော့ ညစာဘဲဒါပေမဲ့ ဗိုက်ပြည့်တဲ့ညစာတော့မဟုတ်ဘူး"

အယ်ဒါရာသည် ထိုစကားများကိူရှောင်လွှဲရန်

"တွိုင်းလက် ခနဝင်အုန်းမယ်"

"ဟုတ်ပြီ ကိုယ် ဒီမှာ စောင့်နေမယ်"

တွိုင်းလက်ထဲရောက်တော့ သက်ပြင်းရှည်ရှည်ကြီးချပြီး ပြုံးမိလေသည်။
မင်းတို့ထင်ကြမလား အယ်ဒါရာက ဒွန်မတရားလုပ်သည့်အတွက် စိတ်ခံစားချက်မ‌ကောင်းဘ ဘာညာ အရမ်းလဲ ငိုရတယ် လို့ပေါ့။

လည်ပင်းပေါ်က အကွက်လေးတွေကြောင့်လား..သူခံစားနေရတယ်ဆိုရင်တော့ အယ်ဒါရာက အယ်ဒါရာဟုမဆိုနိုင်ပေ။

ထိုနေ့က ကားဟွမ်းတီးသံကို အယ်ဒါရာကြားလိုက်ပါသည်။ ဒွန်က ရုတ်တရက်တရက် အယ်ဒါရာ့ လည်ပင်းကို ခွေးတစ်ကောင်လို နမ်းလိုက်ကိုက်လိုက်လုပ်နေသော်လည်း ဒွန်နှင့် အယ်ဒါရာသည် အင်းအားခြင်း ကွာခြားလွန်းသည်။အယ်ဒါရာက သေချာကြားလိုက်ပါသည်။
သို့ပေမဲ့ နှာဘူးကောင်ဒွန်ကတော့မကြား။
ထိုအခြေအနေမျိုးကို အယ်ဒါသည် အသံကုန် စွတ်အော်လိုက်ပြီး နာကျင်သည့် ပုံစံဖမ်းလိုက်သည်။

"အသနားခံပါ့မယ် လွှတ်ပေးပါ"

အယ်ဒါရာသည်ထိုသို့ပြောလိုက်ပေမဲ့ ဒွန်က သူလုပ်စရာရှိတာသာ ခွေးတစ်ကောင် အယ်ဒါရာ့အား ကိုက်နေသည်။

တံခါးဝအရှေ့က ဖိနပ်သံကြားသောကြောင့် အယ်ဒါရာသည် မကောင်းသည့်အပြုံးမျိုးပြုံးကာ

"လွှတ်စမ်းးးလွှတ်ပေးပါ နာ..တယ်...အ့ တောင်း..ပန်ပါ..တယ်"

"အသနားခံတိုင်း လွှတ်ပေးစရာလား ဟားးဟားး"

ဒွန်ခေါင်းကို ရိုက်လိုက်သည့် ဇယ်ဗာနာက တုန်လှုပ်နေသည်ကို ‌အယ်ဒါရာသေချာမြင်လိုက်ရသည်။
အယ်ဒါရာသည် ဒူးပိုက်ကာပင် ဝမ်းနည်းသည့်အကြောင်းများတွေးရင်းငိုချလိုက်သည်။
သူတကယ်လဲဝမ်းနည်းမိပါသည်။သို့သော် ထိုဝမ်းနည်းမှုက ဇယ်ဗာနာက ကိုယ့်ကိုယ်ကိုယ်အပြစ်တင်မည် စိုးသောကြောင့်ပင်။

အဲ့ဒီ့နောက်ပိုင်း သူမရဲ့အကွက်များနှင့်ပင် ဇယ်ဗာနာ့ကို သနားသည့်ပုံစံ ဖမ်းလိုက်သည်။
ဇယ်ဗာနာက ထိုတစ်ချက်ဖြင့် အားလုံးကို ချုံ့ကိုင်နိုင်သည်။

Obsessionजहाँ कहानियाँ रहती हैं। अभी खोजें