part 15

14 4 0
                                    


"အယ်ဒါရာကော!?"

အငယ်လေးသည် ပြန်ဖြေဖို့လုပ်တုန်း အတင်းတိူးပြီးအိမ်ထဲဝင်သွားသည့် အမကြီး ဇယ်ဗယ်ဗယ်ကြောင့် တံခါးသာပြန်ပိတ်ပြီးအနောက်ကနေလိုက်သွားရသည်။နေပါအုန်း အမကြီး ဇယ်ဗယ်ဗယ် က ဘယ်တုန်ူးက မြန်မာလိုကောင်းကောင်းပြောတက်သွားတာလဲ။

ဇယ်ဗာနာဝင်သွားလိုက်တော့ အငယ်လေးဆိုသည့်ကလေးမနဲ့ ပုံစံတူသည့် အေပရွန်ကိုဝတ်ထားသည့် အယ်ဒါရာကို‌ေတွ့ရသည်။

တစ်ခုခုချက်နေသည့်အထင် ဟင်းအိုးကိုမွှေနေသည်မှာ သူ့ကိုတောင်မြင်ဟန်မတူ။

"Phile"

ပုံမှန်လေသံနဲ့ခေါ်လိုက်တော့ ဇယ်ဗာနာ့ကို လှည့်ကြည့်လာသည်။
ပြီးသည်နှင့် လွမ်းစွတ်သည့်အလားကြည့်ပြီး ဟင်းအိုးစွန်းကြီးကိုင်ကာ ပြေးဖက်သည်။
ဇယ်ဗာနာသည် ပြန်လည်ဖက်လိုက်ပြီး ခန္ဓာကိုယ်အားပြန်ခွာကာ

"ပိန်သွားလိုက်တာ"

အယ်ဒါရာသည်ဇယ်ဗာနာ၏စကားကို မျက်လုံးလေးပေကလပ်‌ပေကလပ်လုပ်ကာ ချွဲပြန်သည်။

ထိုအရာကိုသဘောတကျကြည့်နေသည့် ဇယ်ဗာနာသဘ် အယ်ဒါရာ့ နဖူးလေးက ဖိကပ်နမ်းလိုက်သည်။

သူတို့နှစ်ယောက်လုပ်သမျှကို မသိချင်ယောင်ဆောင်ပေးနေသည့် အငယ်လေးသည် အယ်ဒါရာသုတ်လက်စပေါင်မုန့်များကိုရိုဆက်သုတ်ပေးနေသည်။

"ကိုယ်မင်းကိုပြောစရာရှိတယ်"

သေသံအနည်းငယ်မာသွားသောကြောင့် ဘာအကြောင်းပြောမည်ဆိုတာ အယ်ဒါရာ သိသည်။

အေပရွန်အားချွတ်ကာ အငယ်လေးကိုပေးလိုက်တော့ အငယ်လေးက လက်ကမ်းယူသည်။

အယ်ဒါရာသည် ဦးစွာသူ့အခန်းကို လျှောက်သွားတော့နောက်က ဇယ်ဗာနာက လိုက်လာသည်။

"ပြောပါအုန်းအကြောင်းရင်းလေးကိုယ် ဟိုတယ်ရောက်ခဲ့သေးတာ ဟူးးး ဖြစ်ချင်တော့ ဟိုတယ်က ဝန်ထမ်းစကားကြောင့် ကိုယ်စိတ်တိုသွားတာ.."

အပေါ်ကုပ်အားချွတ်ရင်း ဇယ်ဗာနာက ဆိုသည်

"ငါ..."

"အဆင်မပြေဘူး‌ဆိုတာ သိတယ် အဲ့ကလေးမလေးကိုပါ ထည့်တွက်ပေးလို့ ဆိုတာလဲသိတယ်..ကြိုမပြောတာကို စိတ်တိုတယ်..စိတ်ဆိုးချင်ပေမဲ့လဲ ပိန်ကျသွားတဲ့ phile ရဲ့ ပုံစံကြောင့် ကိုယ်မဆူဘူး..ထပ်မလုပ်နဲ့"

ObsessionWhere stories live. Discover now