part 12

16 4 0
                                    

"အယ်ဒါရာ"

"အာ ဘယ်သူများလဲလို့ ဗာနာပါလား"

နှစ်ပတ်လောက်မတွေ့ရသည့်အခါမှ သိပ်လွမ်းပါတယ်။
ရုတ်တရက်‌ဖုန်းခေါ်လာသည့် အတွက်ကြောင့်လဲပျော်ပါသည်။
ဇယ်ဗာနာက သူ့အပေါ်ဘယ်လိုသဘောထားလဲဆိုတာလဲ သိပ်သိချင်တယ်။
ကိုယ်ကပဲ ချစ်ရမှာလား ?
တစ်ဖြည်းဖြည်း ကိုယ်ကပဲ ချစ်ရမှာ ဆိုတဲ့ အရသာကို အယ်ဒါရာမကြိုက်။

"အင်း ကိုယ်တို့တွေ့ကြမလား"

တွေ့ကြမလား ?
ဘာအဓိပ္ပာယ်မှန်းမသိပေမဲ့
ဇယ်ဗာနာက ထိုသို့ပြောတော့ အယ်ဒါရာ ရင်ထဲလှိုက်ခနဲ။

"ဗာနာကပြောစရာရှိလို့လား"

"အဲ့တာလဲပါတယ်"

တစ်ဖက်ကသဘောမကျတဲ့လေသံကြောင့် ဇယ်ဗာနာမျက်ခုံးကျုံ့မိတယ်။တကယ်ပါလေ ခန့်မှန်းလို့မရတံ့ မင်းစိတ်က ကိုယ့်ကိုချစ်ပါတယ်ဆိုတာနဲ့တင် ကျေနပ်ပါတယ်။

"အင်းလေ တွေ့မယ့်နေရာကို ကျွန်မကိုမက်ဆေ့လ် ပို့ထားလိုက်"

တစ်ဖက်က အင်း ဆိုသည့် စကားကြောင့် အယ်ဒါရာ ရင်ခုန်မိသလို...စိတ်လဲအနည်းငယ်ပူမိသည်။
ဘာကြောင့်လဲ‌ဆိုတော့ သူ့ကိုယ်ပင်သူအသိဆုံးပင်။

ဇယ်ဗာနာသည် အယ်ဒါရာ့အားမက်ဆေ့လ် ပို့ထားသည့် ဆိုင်မှာ ထိုင်နေသည်က နာရီဝက်ကျော်သွားပြီ။
အယ်ဒါရာ နောက်ကျ လို့တော့မဟုတ် သူကသာ စောစောလာခဲ့ခြင်း။

"ဟူးးးအချိန်စေ့ပြီ"

သက်ပြင်းခဲ့ရဲ့ရဲ့ချရင်း ဇယ်ဗာနာသည် ဆိုင်တံခါးကိုသာမျှော်ကြည့်နေသည်။
ခနကြာတော့ ဘာမှမပေါင်းစပ်ထားသည့် ဒူးလောက် အဖြူရောင် ‌ဂါဝင်လေးနဲ့ဝင်လာသည့် မိန်းကလေး။
တစ်နည်းအားဖြင့်အယ်ဒါရာ။အဖြူရောင်လေးနှင့်တစ်ဆက်ထဲ ရှူးအဖြူလေးပါ ဝတ်ဆင်ထားပြီး အဖြူရောင် ပိုက်ဆံအိတ်သေးသေးက ကိုင်ဆောင်လာသည်။

"ဟင်"

ဇယ်ဗာနာ ဟင် ခနဲ အသံပြုမိသည်က အယ်ဒါရာ့၏ ဂုတ်ဝဲဆံပင်ကြောင့်ပင်။‌အဖြောင့်တောင်မဟုတ်ဘဲ အဖြားက ကောက်ကောက်ပုံသွင်းထားသေးသည်။

ObsessionWhere stories live. Discover now