Part 20

21 2 0
                                    

"Phile က စကားနားမထောင်ဘူး"

"အာ..ဗာနာကလဲ ငါက အိမ်အလည်ခေါ်မှာလေ..ညလည်းမအိပ်ဘူးလေးကိုကွာ.."

ဇယ်ဗာနာ company သွားရန် shirt နက်ကို သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားပြီး နာရီကို ဘယ်ဘက်လက်မှာ ပတ်ဝတ်နေစဉ် အယ်ဒါရာက ဇယ်ဗာနာ၏ အနက်ရောင်အပေါ်ကုပ်ရဲ့ အဖျားကို ဆွဲကာ သူ့ကိုသူဘယ်ဘက်ရမ်းလိုက်ညာဘက်ရမ်းလိုက် ပြောနေသည်။

အယ်ဒါရာသည်ခုမှ အိပ်ယာထသောကြောင့် ဆံပင် ပွရောင်းရောင်းဖြစ်ကာ အပြာနုရောင်ညဝတ် အကျီကိုဝတ်ထားသည်။

ဇယ်ဗာနာသည် သူ့အားချွဲတဲတဲလေးပြောနေသော အယ်ဒါရာ့ကိူအသည်းယား၍ နှုတ်ခမ်းအား နမ်းရန်အလုပ်

"ဟာ...ငါ‌ေမးနေတယ်လေ"

"ဟုတ်ပြီ ရေသွားချိုး အောက်မှာစောင့်နေမယ် အဲ့အခါကျ Phile လိုချင်တဲ့ အဖြေပြန်ပေးမယ်..အရင်ဆုံးနမ်းမယ်"

အပြာ‌နုရောင် အကျီ ပေါ်မှာ ကျရောက်လာသည့် လက်တစ်စုံ၊ တစ်နည်းအားဖြင့် အယ်ဒါရာ့ခါးကိုဆွဲဖက်လာသည့် လက်တစ်စုံ။
ထိုလက်တစ်စုံကဖက်ထားရုံတင်မဟုတ်လဲ အယ်ဒါရာ၏တင်လုံးလုံးပေါ်သို့လဲကျရောက်လာသည်။

"အင့်"

ထိုအသံငယ်သည် အယ်ဒါရာ့ တင်လုံးလုံးလေးကို ဖျစ်ညစ်လိုက်၍ အယ်ဒါရာ့ထံမှ ထွက်လာသည့်အသံပင်။

နှုတ်ခမ်းလေးအား အပေါ်တစ်လှည့်အောက်တစ်လှည့်စုတ်ယူပြီး ပြန်လွှတ်ပေးလိုက်တော့ 'ဟင်းးး'ခနနဲ အသက်ရှူသံက ထွက်ပေါ်လာသည်။

"ရေချိုးတော့မယ်"

ဟူ၍ပြောပြီး အယ်ဒါရာသည် ရေချိုးခန်းထဲ မပြေးရုံတစ်မယ်ဝယ်သွားသည်။

ဇယ်ဗာနာက ကျေနပ်သောအပြုံးများနှင့် အိမ်အောက်ကိုဆင်းသွားသည်။

"အမကြီးမနက်စာ စားသွားအူန်းလေ"

အပြင်သွားရန် ဖိနပ်‌စီးနေသော ဇယ်ဗာနာ့ကိုအငယ်လမေးလိုက်သည်။

"တော်ပြီ.. company ရောက်မှဘဲ စားလိုက်မယ်..မင်းမမလေးကို မနက်စာဝင်အောင်ကျွေးလိုက်အုန်းနော်"

"ဟုတ်ကဲ့ အမကြီး"

ခနကြာတော့ ခြံတွင်းထဲမှ ဇယ်ဗာနာ့ကားဟာ ထွက်ခွာသွားခဲ့သည်။
အပေါ်ထပ်က မိန်းကလေးကတော့ သီချင်းတစ်ညည်းညည်းလေးဖြင့် ပြင်ဆင်ကာ အောက်ထပ်သို့ ဆင်းသွားတော့ သူမြင်ရမည့်သူကိုမမြင်တော့ အလိုမကျကာ

ObsessionTempat cerita menjadi hidup. Temukan sekarang