part 25

78 1 0
                                    

"တကယ်မကြားဘူးလား..ဟုတ်ပြီ ထပ်ပြောမယ် မင်းရဲ့ အပေါ်အကျီနဲ့ မင်းရဲ့ စတိုင်ဘောင်းဘီချွတ် ကိုယ်အဲ့တာကို သိပ်အမြင်ကပ်တယ်"

အယ်ဒါရာ့မျက်ဝန်းသည် အခုနက ပြူးကျယ်သည် ထက်ပို၍ ပြူးကျယ်ကုန်သည်။
တည့်ကြီး..

"မြန်မြန်လုပ်လေ"

ဇယ်ဗာနာပြောလိုက်ပေမဲ့ အယ်ဒါရာက အခုထိ ကျောက်ရုပ်လို ရပ်နေတုန်း။

ဇယ်ဗာနာ စိတ်မရှည်တော့၍ အယ်ဒါရာ့နားသွားလိုက်တော့ အယ်ဒါရာသည် တကယ်ကိုကျောက်ရုပ်အတိုင်းပင်။ တစ်ဖြည်းဖြည်းအယ်ဒါရာ့ မျက်နှာနား ဇယ်ဗာနာ့မျက်နှာ နီးကပ်လာတော့ အယ်ဒါရာ မျက်ဝန်းများမှိတ်ချလိုက်သည်။

သို့ပေမဲ့ အယ်ဒါရာ့အထင်နှင့် ကွဲလွဲစွာ ဇယ်ဗာနာ ရယ်သည်။
ရယ်သံကြားတော့ အယ်ဒါရာ မျက်ဝန်းများဖွင့်ကြည့်လိုက်သည်။

ဇယ်ဗာနာက ဒူးတစ်ဖက်ထောက်ကာ ထိုင်ပြီး အယ်ဒါရာ့ ဖိနပ်ကြိုးကိုဖြည်ပြီး ဖိနပ်ချွတ်ပေးနေသည်။
အယ်ဒါရာ ရှက်လွန်းလို့ မျက်နှာသည် ခရမ်းချဉ်သီးပမာ။

ဇယ်ဗာနာက တစ်ဖက်ပြီးနောက်တစ်တစ်ဖက်ကိုလဲ ထိုသို့ပင် ကြိုးဖြည်ကာ ချွတ်ပေးသည်။

ဇယ်ဗာနာက ပြန်ထလိုက်တော့ အယ်ဒါရာက ဇယ်ဗာနာ့လက်မောင်းကို ဖျတ်ခနဲရိုက်လိုက်ပြီး

"အားး ဖိနပ်ချွတ်တော့ မျက်နှာကို အဲ့လောက်နီးကပ်စရာလိုလို့လား"

"အောဟော ဘာလို့လဲ Phile က ကိုယ်နမ်းမယ်ထင်လို့လား"

"သေလေ"

ကျိန်ဆဲလိုက်သော ထို နှုတ်ခမ်းကို ဇယ်ဗာနာ ဖိကပ်နမ်းလိုက်သည်။
ထို့နောက် နှုတ်ခမ်းများကို အပေါ်တစ်လှည့် အောက်တစ်လှည့်စုတ်ယူကာ အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်တော့ နှုတ်ခမ်းများက ဟလာသည်။
နှုတ်ခမ်းကိုကျော်၍ လျှာကို စုတ်ယူလိုက်သည်။
လက်များသည်လည်း ခါးပေါ်မှတင်ကာ တစ်ဖြည်းဖြည်း အယ်ဒါရာ့ အကျီလေးကို ချွတ်ဖို့အရှိန်ယူလိုက်သည်။

အယ်ဒါရာသည် အသက်ရှူကျပ်လာသောကြောင့် ဇယ်ဗာနာ့ နှုတ်ခမ်းကိုကိုက်လိုက်တော့ ဇယ်ဗာနာက နာသွား၍ ပြန်လွှတ်ပေးသည်။

You've reached the end of published parts.

⏰ Last updated: Nov 02, 2023 ⏰

Add this story to your Library to get notified about new parts!

ObsessionWhere stories live. Discover now