"ရှိန်းခန့်ညားမောင်ပါ"
ထို ယောင်္ကျားပျိုက ဇယ်ဗာနာ့ဘက်လှည့်ပြီး နှုတ်ဆက်သည်။
"ဒါဒါနဲ့က သိနေကြတာလား"
"အာ..ဟုတ်တယ်"
အယ်ဒါရာသည် ရှည်ရှည်ဝေးဝေးမပြောဘဲ ဟုတ်တယ်လို့သာပြောလိုက်သည်။
"ဇယ်ဗာနာပါ..ငယ်မယ်ထင်တယ်"
"ဟုတ်..19ပါ"
တော်တော်ကြာတဲ့ထိ လူနာသတင်းဘာညာမေးရင်းဆိုပြီး ရှိန်းခန့်ညားမောင် နှင့် အယ်ဒါရာ ကအကြာကြီးစကားေပြာနေကြသည်ကို ဇယ်ဗာနာတို့ သုံးယောက် ဧည့်သည်ထိုင်ရန်လုပ်ထားသည် ဆိုဖာပေါ်မှာထိုင်ရင်းကြ ည့်နေကြသည်။
"ဒါဆိုဦးလေးတို့ အသုဘတုန်းက မင်းစာပေးပွဲရက်ကြီးလား"
"ပထမနှစ်ပါ အဆင်ပြေသလိုလုပ်လိုက်ပါတယ်"
"ဆေးကျောင်းတက်နေတဲ့ ဆေးကျောင်းသားနဲ့ စကားပြောခွင့်ရတာဘဲ"
ထို ယောင်္ကျားပျိုလေးက ဂုတ်ပိုးသက်ကာ ရှက်ဝဲဝဲလေးဖြင့်
"ကျွန်တော်အဲ့လောက်မတော်ပါဘူး"
"ဆေးကျောင်းသားဖြစ်ရတာ တော်လို့ပေါ့ "
"ကျွန်တော်ရှက်လာပြီဗျာ"
အယ်ဒါရာ ရယ်မိပါသည် ထိုကောင်လေး သိပ်လဲ အရှက်သည်းပါလေ။
"Phile"
ထိုခေါ်သံကြောင့် အယ်ဒါရာရော ရှိန်းခန့်ညားမောင်ပါ ဇယ်ဗာနာ့ကိုကြည့်လိုက်သည်။
"ဆေးရုံဆင်းချင်ရင် ကိုယ့်ကိုပြော"
"အင်းးးးအခုဆင်းချင်တယ်"
ဇယ်ဗာနာက ထိုင်ရာမှထပြီး အခန်းပြင်ထွက်သွားသည်။
" 'Phile' ဆိုတော့ ကောင်မလေးလား"
"အင်းဟုတ်တယ်..အခုငါတို့ရင်းနှီးသွားပြီဆိုတော့ မင်းလန်ဒန်ကို လိုက်လည်ချင်လဲရတယ်နော် မင်းနေစရိတ်ဘာညာ ငါ တာဝန်ယူတယ်"
"လန်ဒန်မှာ ကျွန်တော့် အဖွားနေတယ် ကျွန်တော် အချိန်ရရင်လိုက်လည်ပါ့မယ်"
"ဖြည်းဖြည်းပေါ့ကွာ"
ဂျန်နီဖာနှင့်ဟန်နီချိုသည် ထိုစကားကောင်းနေသော နှစ်ယောက်ကိုဘဲ အတွေးကိုစီနှင့် ကြည့်နေကြသည်။
![](https://img.wattpad.com/cover/346848723-288-k20966.jpg)