2

651 99 4
                                    

" ဟာအို့အမေကို မအားတဲ့ကြားက ခေါ်ရတာကိုလည်း အားနာပါတယ်... "

ကျောင်းအုပ်ကြီးရဲ့ စကားကို ရှင်းဆယ်ရာမှာ ပြုံးပြရင်းသာ တုံ့ပြန်မိသည်။

" ဟာအိုက စာလေးကတော်ရှာပါတယ်... ဒါပေမယ့် ရန်ပွဲဖြစ်ပြီဟေ့ဆို ပြေးမကြည့်လိုက်နဲ့  သူက ထိပ်ဆုံးပဲ... "

ကိုယ့်သားအကြောင်း ကိုယ်သိနေတာမလို့ ရှင်းဆယ်ရာတစ်ယောက် ကျောင်းအုပ်ကြီး ပြောတာကို ခေါင်းတညိတ်ညိတ်ဖြင့်သာ ထောက်ခံနေရသည်။ ရုံးခန်းအပေါက်နားမှာ မတ်တပ်ရပ်နေရသည့် ဂျန်ဟာအိုမှာတော့ အပြစ်လုပ်မထားသည့်ဟန် ဘာမထီပုံစံဖြင့်။

" ဟာအို့အမေလည်း သိတဲ့အတိုင်းပဲ... စာ‌ပေဘက်မှာ ထူးချွန်နေတဲ့ကလေးကို ကျွန်တော်တို့လည်း မင်နီမတားချင်ပါဘူး... အကယ်လို့ ဟာအိုက အခုလိုပဲ ရန်တွေ ခဏခဏဖြစ်နေဦးမယ်ဆိုရင် သူ့အနာဂတ်မှာ ဒီပြစ်မှုမှတ်တမ်းကြီးက ကပ်ပါနေတော့မှာ... "

" ဟုတ်ကဲ့ပါ ကျောင်းအုပ်ကြီး... ကျွန်မ သားသားကို ဆုံးမလိုက်ပါ့မယ်... "

ရှင်းဆယ်ရာလည်း ကျောင်းအုပ်ကြီးကို နှုတ်ဆက်ပြီးနောက် ဟာအို့ကို ခေါ်ကာ အိမ်ပြန်လာခဲ့တော့သည်။ အိမ်ထဲ ဝင်လာသည်နှင့် ဧည့်ခန်းမှာ ထိုင်နေတဲ့ ဂျန်မင်ဆော့က

" ကဲ... ဒီတစ်ခေါက်ကရော ဘာကြောင့် ရန်ဖြစ်ရပြန်တာလဲ... သားသား... "

ရယ်ရယ်မောမောနဲ့ မေးလာသည့် ဂျန်မင်ဆော့က သားဖြစ်သူ ရန်ဖြစ်လာတာကို ဂုဏ်ယူနေသည့်ဟန်။ ဟာအိုလည်း အဖေဖြစ်သူရဲ့ဘေး ပြေးဝင်ထိုင်လိုက်ပြီး

" ဟိုဘက်ကျောင်းက ကောင်တွေပဲပေါ့... ပါးရာ... သားတို့ ကျောင်းက ကောင်မလေးတစ်ယောက်ကို နှောင့်ယှက်နေလို့ သားက အမြင်မတော်လို့ ဝင်ကူညီတာပါ... "

" တယ် ဟုတ်တဲ့ ငါ့သားပါလား... ဒါမျိုးကတော့ အဲဒီကောင်တွေကို နာ, နာတီးပစ်သင့်တာပေါ့... "

ဟာအို့ရဲ့ ခေါင်းကို ပုတ်ရင်း ချီးကျူးနေတဲ့ ဂျန်မင်ဆော့အား ရှင်းဆယ်ရာက မျက်စောင်းထိုးရင်း

" မြှောက်ပေးမနေနဲ့ ... ဟာအို့ပါးပါးရဲ့ ... နောက်တစ်ခါဆို ရှင့်သားက ကျောင်းသားမှတ်တမ်းမှာ မင်နီ အတားခံရတော့မှာ... "

Royal Prince Where stories live. Discover now