20

566 91 2
                                    

တစ်ခဏအတွင်း ဟိုးလေးတကျော် ဖြစ်သွားတဲ့ မင်းသားငယ်ရဲ့ သတင်းကြောင့် မင်းသားငယ်ဘက်ကနေ မခံမရပ်နိုင်သူ‌တွေ စုပြီး တော်ဝင်စံအိမ်ရှေ့မှာ ဆန္ဒလာပြတဲ့အထိ ဖြစ်ကုန်ကြတော့သည်။ ဆန္ဒပြသူတွေဟာ မထင်မှတ်လောက်အောင် များပြားနေပြီး စံအိမ်အရှေ့မှာ ပိတ်ဆို့နေလေတော့သည်။ ရဲတွေကလည်း စံအိမ်ရှေ့မှာ ရပ်ကာ လွန်လွန်ကြူးကြူးတွေ ဖြစ်လာရင် ကာကွယ်ရန်အတွက် အသင့်စောင့်နေကြလေသည်။ ထိုလူအုပ်ကြောင့် ဧကရာဇ်တို့လည်း ရှိတဲ့ အစည်းအဝေးတွေကို ဖျက်ကာ စံအိမ်အတွင်းမှာပဲ နေလိုက်ရတော့သည်။

မိသားစုလိုက် ဧည့်ခန်းမှာ စုထိုင်နေကြပြီး CCTVကနေတစ်ဆင့် ထိုလူအုပ်ကို ကြည့်နေမိကြသည်။ ဟာနူးလ်တို့အားလုံးကတော့ ဟာအိုရဲ့ တိုက်စစ်ဆင်မှုကို အားရနေမိသည်။

အမြဲတစေ ဣန္ဒြေသိက္ခာအပြည့်နဲ့ နေလာခဲ့တဲ့ အဘွားတော်လည်း ယခုအချိန်မှာ မတည်ငြိမ်နိုင်တော့။ CCTVကနေ မြင်နေ‌ရတဲ့ လူအစုအဝေးကြီးကို ကြည့်ရင်း

" တော်တော် အဆိပ်ပြင်းတဲ့ဟာလေး.... "

တော်ဝင်မိသားစုရဲ့ အတွင်းရေးကိစ္စဖြစ်နေတဲ့အပြင် သူ့မိဘတွေပါ ပါဝင်ပတ်သက်နေတာကြောင့် အခုလို လူသိရှင်ကြား ကြေညာချလိမ့်မယ်လို့ အဘွားတော်က မထင်ထားခဲ့။ ပြီးတော့ လူထုတစ်ခုလုံးက ဟာအို့ဘက်မှာ ရပ်တည်နေတာမလို့ ဟာအို့ကို ဒုက္ခရောက်အောင် လုပ်မရ‌တော့ပေ။ တော်ဝင်မိသားစုတစ်ခုလုံးကို အမြဲတမ်း ချုပ်ကိုင်ခြယ်လှယ်နေခဲ့တဲ့ အဘွားတော်ဟာ ဟာအို့ကိုလည်း ထိန်းချုပ်လို့ ရမယ်လို့ ထင်ခဲ့သည်။ သူမ လျှော့တွက်ခဲ့တဲ့ ဟာအိုက အခုတော့ သူမကို ဆွဲချဖို့ ပြင်ဆင်နေလေပြီ။

အမြွှာချင်း တူပေမယ့် သူ့ထက် ပိုပြီး ဉာဏ်ပြေးလွန်းတဲ့ ဟာအို့ကို ကြည့်ရင်း ဟာနူးလ် ကျေနပ်စွာ ပြုံးလိုက်မိလေသည်။ ခမည်းတော်ကတော့ အဘွားတော်ရဲ့ရှေ့မှာမလို့ ကျေနပ်အားရမှုတွေကို မျိုသိပ်ထားပေမယ့် မယ်တော်ကတော့ အားရဝမ်းသာနဲ့ ပြုံးနေခဲ့သည်။

သတင်းတွေမှာလည်း ဟာအိုရဲ့ သတင်းက ဆက်တိုက် တက်နေ‌လေသည်။

" ခမည်းတော်.... အခု ဘယ်လို ဆက်လုပ်မှာလဲ.... "

Royal Prince Where stories live. Discover now