6

584 82 4
                                    

" ဒီနေ့ ခင်ဗျားကို ကျွန်တော် သေချာပေါက် အနိုင်ယူပြမယ်... "

ဘေးနားကနေ စိန်ခေါ်နေသော ကောင်လေးအား ဟာအိုတစ်ယောက် အဖတ်လုပ်မနေဘဲ ကိုယ့်ဘာသာကိုယ် အေးဆေးနေ,နေလိုက်သည်။ ဟာအိုက racerအဖြစ် ကျင်လည်လာတာ လေးနှစ် ရှိပြီ။ မနေ့တစ်နေ့ကမှ racerဖြစ်လာတဲ့ ငချွတ်လေးတစ်ကောင်ကို အာရုံထဲတောင် မထည့်။

ပြိုင်ပွဲစလို့ တာထွက်ကတည်းက ဟာအို့အနားကို ထိုကောင်လေးက ဇွတ်လိုက်ကပ်နေသည်။ အကွေ့နားရောက်တော့ ဟာအို့ကို ကျော်တက်ဖို့ရာ အရှိန် အရမ်းတင်လိုက်ပြီး သူ့ဘာသာသူ မထိန်းနိုင်တော့ဘဲ လဲကျသွားလေသည်။ ဟာအိုလည်း ဂရုမစိုက်ဘဲ ကိုယ့်လမ်းကြောင်း ကိုယ် မောင်းနေရင်းမှ လွတ်ထွက်သွားတဲ့ ဆိုင်ကယ်က ဟာအို့ဆိုင်ကယ် နောက်ပိုင်းနဲ့ လာငြိ၍ ဟာအိုမှာ ဆိုင်ကယ်ပေါ်က လွင့်ထွက်သွားရသည်။ မထင်မှတ်ထားသည်မလို့ ဟာအို့မှာ ဘာမှ ပြင်ဆင်ချိန်မရဘဲ speedway ဘေးကို တစ်လှိမ့်ခေါက်ကွေး လဲကျသွားရတော့သည်။

တခြားပြိုင်ပွဲဝင်တွေကတော့ accident ဖြစ်တဲ့ နေရာကို ရှောင်ကွင်းပြီး ဆက်မောင်းသွားကြတော့သည်။ First aiderတွေက ချက်ချင်းပင် accident နေရာကို ပြေးဝင်လာကြသည်။ အကာအကွယ်တွေ ဝတ်ထားခဲ့တာမလို့ ဟာအို ဘာမှ ကြီးကြီးမားမား မထိခိုက်ပေမယ့် ပြုတ်ကျတဲ့ ဒဏ်ကြောင့် ခန္ဓာကိုယ်က အနည်းငယ် နာကျင်နေသည်။

ဟာအို သူ့ဆိုင်ကယ်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး helmet ကို ဆွဲချွတ်ကာ လွင့်ပစ်လိုက်ပြီး လဲကျနေတဲ့ ထိုကောင်လေးဆီ ခပ်မြန်မြန် လျှောက်သွားလိုက်သည်။ ဟာအို လာနေတာကို မြင်တော့ ထိုကောင်လေးက သူ့ helmetကို ချွတ်လိုက်ပြီး

" ကျွန်တော် တမင်.... "

ခွပ်.... ။

ဟာအိုက ထိုကောင်လေးအား ရှင်းပြခွင့်တောင် မပေးဘဲ လက်သီးနဲ့ ထိုးချလိုက်သည်။

" ခင်ဗျား... "

ခွပ်... ။

စကားပြောခွင့်ပင် မရရှာဘဲ ထိုကောင်လေးမှာ ဟာအို ထပ်ထိုးတာကို ခံလိုက်ရပြန်သည်။ ထိုကောင်လေးကလည်း စိတ်တိုသွားကာ ဟာအို့ကို ပြန်ထိုးလေသည်။

Royal Prince Where stories live. Discover now