" မနက်ဖြန်ကျ ကျွန်တော် ဆိုင်မလာဘူးနော်... ဟန်ဘင်းကပဲ ဆိုင်ကို ကြည့်ပေးပါဦး... "
ဟာအိုက အိမ်ပြန်ရန် ဆိုင်ကယ်ကို ခွထားပြီး ဟန်ဘင်းက ဆိုင်ကယ်ရဲ့ ဘေးမှာ ရပ်နေကာ ရည်းစားအသစ်စက်စက်လေးကို ငေးနေလေသည်။
" မနက်ဖြန်ကျ ပြိုင်ပွဲ ရှိလို့လား... "
" အွန်း... "
" ကိုယ်ရော... လိုက်လို့ မရဘူးလား.... "
ဟာအိုက ဟန်ဘင်းကို မျက်မှောင်ကြုတ်ကြည့်ရင်း
" မရဘူး.... "
ဟန်ဘင်းက ဟာအို့ရဲ့ လက်ကလေးကို လှမ်းကိုင်လိုက်ပြီး
" ကိုယ် ခွင့်ယူပြီး လိုက်ခဲ့မယ်လေ... ကိုယ်က ဟာအို့အနားပဲ နေချင်တာကို... "
" ဟန်ဘင်းကို အဲ့ဒီလို အခွင့်အရေးပေးလိုက်ရင် ကျန်တဲ့ ဝန်ထမ်းတွေအတွက် ပြောစရာဖြစ်သွားမှာပေါ့... "
" ဝန်ထမ်းချင်းတူပေမယ့် ကိုယ်က ဟာအို့ရဲ့ ချစ်သူဖြစ်သွားပြီလေ... အဲဒီတော့ ကိုယ်က ချစ်သူရည်းစားဆိုတဲ့ အခွင့်အရေးလေးတော့ ယူပါရစေ... "
အခုထက်ထိ ခွင့်ပြုပေးချင်ပုံမရသော ဟာအို့ကို ကြည့်ရင်း ဟန်ဘင်းမှာ နောက်ဆုံးလက်နက်ကို ထုတ်သုံးဖို့ ပြင်လိုက်တော့သည်။ ချက်ချင်း နှုတ်ခမ်းစူကာ မျက်နှာကိုငယ်ချလိုက်ပြီး
" ဟာအိုကလည်း... ကိုယ် လိုက်ခဲ့ချင်တယ်လို့.... နော်... နော်လို့.... "
ဟန်ဘင်း ကိုင်ထားတဲ့ သူ့ရဲ့လက်ကနေ ဟန်ဘင်းရဲ့လက်ကို ပြန်ကိုင်လိုက်ကာ ဟန်ဘင်းအား အနားရောက်လာအောင် ဟာအို ဆွဲလိုက်သည်။ မထင်မှတ်ထားသည့်အချိန်မလို့ ဟန်ဘင်းမှာ ဟာအို့အနား ဆွေ့ခနဲ ရောက်လာတော့သည်။ ဟာအိုက ဟန်ဘင်းရဲ့ ခေါင်းကို လက်ဆစ်နဲ့ အသာခေါက်လိုက်ပြီး
" တစ်ခုခုလိုချင်တိုင်း... အဲ့လို ချွဲရမယ်လို့ ဘယ်သူက ပြောထားတာလဲ... အမြဲတမ်း အဲ့လို ရုပ်ကလေး လုပ်ပြလိုက်တာနဲ့ အလိုလိုက်မယ်လို့ ထင်နေတာလား..."
ဟန်ဘင်းက စူပုတ်ပုတ်နဲ့ အခေါက်ခံလိုက်ရတဲ့ နေရာကို လက်နဲ့ ပွတ်ရင်း