11

540 100 2
                                    

" ကျွန်တော့လက်တွေ အေးနေတယ်.... "

ဟန်ဘင်း ဟာအိုရဲ့ လက်တွေကို ဆုပ်ကိုင်လိုက်ရင်း

" ဟုတ်ပါရဲ့... အေးနေတာပဲ... စိတ်လှုပ်ရှားနေတာလား.... "

ဟန်ဘင်းရဲ့ အမေးကို ဟာအို ခေါင်းညိတ်ပြီး ဖြေလိုက်သည်။ တွဲနေတာတောင် တစ်ပတ်မပြည့်သေးဘူး။ ဆောင်းဟန်ဘင်းရဲ့ အိမ်က သူတို့ ရည်းစားဖြစ်နေတာကို သိသွားပြီး အိမ်တော်ကို လာခဲ့ဖို့ ခေါ်လာသည်။ တစ်သက်နဲ့တစ်ကိုယ် ရည်းစားမထားခဲ့ဖူးတာကြောင့် အခုလို လူကြီးတွေနဲ့ တွေ့ရမည့်ကိစ္စမှာ ဘယ်သူက စိတ်မလှုပ်ရှားဘဲ နေမလဲ။ ပြီးတော့ မြို့တော်ဝန်ရဲ့သားဆိုတော့ သဘောမတူဘူး၊ ဘာညာဖြစ်လာခဲ့မှာကို ဟာအို့မှာ စိုးရိမ်နေမိသည်။

" အရမ်း မစိုးရိမ်ပါနဲ့... အဖေက ဒီအတိုင်းလေး ဟာအိုနဲ့ တွေ့ကြည့်ချင်တာပါ.... "

ကားက အိမ်တော်ထဲကို စဝင်တဲ့အချိန်မှာ ဟာအို စိတ်လှုပ်ရှားလွန်းလို့ နှလုံးခုန်နှုန်းတွေတောင် မြန်လာရသည်။ ထို့ကြောင့် ဟန်ဘင်းက ဟာအိုရဲ့ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပေးလိုက်သည်။

ဆင်ဝင်အောက်မှာ ကားကို ရပ်လိုက်တာနဲ့ ဟန်ဘင်း ကားပေါ်ကနေ ချက်ချင်းဆင်းပြီး ဟာအို ထိုင်နေတဲ့ဘက်က ကားတံခါးကို လာဖွင့်ပေးလေသည်။ ထို့နောက် နှစ်ယောက်သား လက်‌တွေ တွဲလျက် အိမ်တော်ထဲ ဝင်လာလိုက်သည်။

" သခင်လေး...သခင်ကြီးက ထမင်းစားခန်းထဲမှာ စောင့်နေပါတယ်.... "

အိမ်တော်ထိန်းကို ဟန်ဘင်း ခေါင်းညိတ်ပြလိုက်ပြီး ဟာအို့လက်ကို ဆွဲကာ ထမင်းစားခန်းဆီ တန်းတန်းမတ်မတ် လျှောက်လာခဲ့လိုက်သည်။ ထမင်းစားခန်းထဲ ဝင်လိုက်တာနဲ့ စားပွဲဝိုင်းမှာ ထိုင်နေတဲ့သူတွေကြောင့် ဟန်ဘင်းတင်မကဘဲ ဟာအိုပါ ကြောင်သွားကာ တစ်ယောက် မျက်နှာ တစ်ယောက် လှည့်ကြည့်မိတော့သည်။

အစက မြို့တော်ဝန်နဲ့ပဲ တွေ့ရမယ်လို့ ဟာအိုက ထင်ထားခဲ့တာ။ အခုတော့ မြို့တော်ဝန်အပြင် ဧကရာဇ်နဲ့ အိမ်ရှေ့စံပါ စားပွဲဝိုင်းမှာ ထိုင်နေကြလေသည်။

Royal Prince Where stories live. Discover now