22

551 90 5
                                    

" ဆောင်းဟန်ဘင်း... "

" ဟန်ဘင်း.... "

ဂွန်းဝုရဲ့ အနောက်မှာ ပါလာတဲ့ ဟန်ဘင်းကို တွေ့ , တွေ့ချင်း ဟာအို မျက်မှောင်ကြုတ်လိုက်မိသည်။ ဘေးနားက အစ်ကိုဖြစ်သူကိုပါ မယုံသင်္ကာနှင့် လှည့်ကြည့်မိတော့ သူလည်း မသိပါဘူးဆိုသည့်ပုံစံဖြင့် ခေါင်းခါပြလာလေသည်။ 

" ဟာအို... "

သူ့ဆီကို ဦးတည်နေတဲ့ ‌ဟန်ဘင်းရဲ့ ခြေလှမ်းတွေကို မြင်တာနဲ့ ဟာအို တခြားတစ်နေရာကို လှည့်ထွက်ဖို့ ပြင်လိုက်ချိန်မှာ ဟန်ဘင်းက သူ့နာမည်ကို ခေါ်လာသည်။ သို့သော် ဟာအို လှည့်မကြည့်ဘဲ သူ့ဆိုင်ကယ်ကို စစ်ဆေးပေးနေတဲ့ mechanic အစ်ကိုနားကိုသာ ထွက်လာခဲ့လိုက်သည်။

" ဟန်ဘင်း... မင်း...ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ... "

ဟာအို့အနောက်ကို လိုက်ဖို့ပြင်နေတဲ့ ဟန်ဘင်းအား ဟာနူးလ် လှမ်းဆွဲလိုက်မိသည်။

" ဟာနူးလ်......... "

ဟာအို့အနောက်ကို လိုက်မရတော့အောင် ဟန်ဘင်းရဲ့လက်ကို ဟာနူးလ်က ဆွဲထားတာကြောင့် ဟန်ဘင်း အသံရှည်ဆွဲကာ ခေါ်လိုက်မိသည်။ တစ်ဖက်က ဟာနူးလ်မှာလည်း သူ့ကို စိုက်ကြည့်နေတဲ့ ဂွန်းဝုနဲ့ ရင်မဆိုင်ရဲသေးတာကြောင့် ဟန်ဘင်းကို ဆွဲထားလိုက်မိသည်။ နို့မို့ဆိုရင် ဟန်ဘင်းမရှိတာနဲ့ သူ့ဆီကို ဂွန်းဝုက တန်းလာတော့မှာ။ အခုတောင် သူ့ကို စူးစူးစိုက်စိုက်ကြီး ကြည့်နေတာကြောင့် ဟန်ဘင်းရဲ့ ကိုယ်နဲ့ ဟာနူးလ် ကွယ်ထားလိုက်မိသည်။

" ဟာနူးလ်ရာ... မေးစရာရှိတာ နောက်မှ မေးပါကွာ... ငါ ဟာအို့ကို တောင်းပန်ရဦးမယ် ... "

" ‌မင်းကလည်း... ခဏစောင့်လိုက်ပါလား.... ဟာအိုက ပြိုင်ပွဲ ပြိုင်ရဦးမှာလေ... တော်ကြာ စိတ်အခြေအနေမကောင်းရင် ပြိုင်ပွဲထဲမှာ ခိုက်မိနေလိမ့်မယ်... "

သူနဲ့ ခပ်ဝေးဝေးမှာ ရပ်နေတဲ့ ဟာအို့ကို ဟန်ဘင်းတစ်ချက် လှမ်းကြည့်လိုက်ပြီး ဟာနူးလ်ကို ခေါင်းပြန်ညိတ်ပြလိုက်မိသည်။

" အင်း....... အဲဒီ့အခါကျရင်တော့ ငါ့ကို အခုလို လာမဆွဲနဲ့တော့နော်... "

Royal Prince Where stories live. Discover now