12

607 87 8
                                    

" ကိုယ့် မိသားစုနဲ့ တွေ့ရတာ ပျော်ရဲ့လား.... "

ဟန်ဘင်းက ဟာအို့ကို ပွေ့ဖက်ထားရင်း မေးလိုက်သည်။ အခုကတော့ ဟာအို့ကို အိမ်ပြန်လိုက်ပို့သည့် လမ်းမှာပင်။ နှစ်ယောက်တည်း အတူရှိချင်သေးလို့ ဟန်ဘင်းကိုယ်တိုင် ကားမောင်းပြီး ပြန်လိုက်ပို့ဖို့ လုပ်ပေမယ့် ဧကရာဇ်က သူ့ရဲ့ driver ကို ထည့်ပေးလိုက်တာကြောင့် ကားအနောက်ခန်းမှာ ပူးပူးကပ်ကပ်ထိုင်ခွင့် ရသွား‌တော့သည်။ ဒါလည်း မဆိုးပါဘူး။ ဂျန်ဟာအိုလေးကို အခုလို ရင်ခွင်ထဲ ထည့်ပြီး ဖက်လို့ ရတာပေါ့။

" ဟာအို... ပျော်ရဲ့လားလို့... "

ဟန်ဘင်းကသာ မေးနေပေမယ့် ဟာအိုကတော့ အတွေးနယ်ချဲ့နေမိသည်။ ပတ်သက်မှုတစ်ခုခုရှိလို့လားဆိုသည့် ဟာအိုရဲ့အမေးကို ဧကရာဇ်က ပြုံးသာပြပြီး ငြင်းလည်းမငြင်းသလို ဝန်လည်းမခံခဲ့ပါ။ ဒါပေမယ့် ဧကရာဇ်ရဲ့အပြုံးကိုက နည်းနည်း သံသယဝင်စရာ ကောင်းနေသည်။ အကယ်၍များ ဧကရာဇ်နဲ့ ပတ်သက်မှုရှိခဲ့မယ်ဆိုရင် ပါးနဲ့မားကရော...။ အကြောင်းအရာ‌‌တွေကို ဆက်စပ်တွေးကြည့်လိုက်ရင် စိတ်မချမ်းသာစရာကောင်းလာလိမ့်မည်ဟု ထင်လာ၍ ဟာအို ဆက်မတွေးချင်တော့ပါ။

ရုတ်တရက် ပါးကို အုပ်ကိုင်လာတဲ့ ဟန်ဘင်းကြောင့် ဟာအိုတစ်ယောက် အတွေးကမ္ဘာထဲကနေ လွတ်မြောက်လာလေသည်။

" ဘာတွေများ တွေးနေတာလဲ... ကိုယ့်ရဲ့ ဟာအိုလေး... "

ဟာအို ခေါင်းယမ်းကာ ပြုံးပြလိုက်ပြီး

" ဟင့်အင်း... ဘာမှ မဟုတ်ပါဘူး... "

" ကိုယ့် မိသားစုနဲ့ တွေ့ရတာ.. ပျော်ရဲ့လားလို့... "

ဟန်ဘင်းရဲ့ ရင်ခွင်ထဲ ဟာအို ပို၍ တိုးဝင်လိုက်ကာ

" ပျော်ပါတယ်... ဟန်ဘင်းရော... ကျွန်တော့်ရဲ့ပါးနဲ့မားကို တွေ့ချင်လားဟင်... "

" ပါးနဲ့မားကို ဖွင့်ပြောဖို့ ဟာအိုက အဆင်သင့်ဖြစ်ပြီလား... "

" ပါးနဲ့မားက ကျွန်တော့ကို နားလည်ပေးမှာပါ... အွန်း... မနက်ဖြန် ဆိုင်ပိတ်ချိန်ကျရင် အိမ်ကို လိုက်ခဲ့လေ... ပါးနဲ့မားကို အတူဖွင့်ပြောကြရအောင်... "

Royal Prince Where stories live. Discover now