21

538 94 15
                                    

မင်းသားငယ်လေးအား စွန့်ပစ်မှုနဲ့ အတူ ဟာအိုတို့ ကြက်ကြော်ဆိုင်အား အသရေဖျက်မှုတို့ဖြင့် မယ်မယ်ကြီးကို ဟာအို့ဘက်ကနေ တရားစွဲဆိုလိုက်တော့သည်။ ထိုဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့သူတွေကလည်း ဟာအို့ဘက်ကနေ သက်သေလိုက်ပေးလာကြသည်။ သူမလုပ်ခဲ့တဲ့ ပြစ်မှု‌တွေရဲ့ ထင်ရှားတဲ့သက်‌သေတွေကြောင့် မယ်မယ်ကြီးလည်း ထောင်ဒဏ်ဆယ်နှစ်ကျသွားတော့သည်။ ထိုဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခဲ့တဲ့သူတွေက မယ်မယ်ကြီးရဲ့အမိန့်ကြောင့် လုပ်ခဲ့ရတဲ့သူတွေ ဖြစ်တာကြောင့် သူတို့ကတော့ အပြစ်ဒဏ်မခံရတော့။

အရာအားလုံး ပြီးဆုံးသွားတဲ့နောက်မှာတော့ ဟာအို့တို့ ကြက်ကြော်ဆိုင်ကိုလည်း ပုံမှန်အတိုင်း ပြန်ဖွင့်နိုင်ပြီ။ အခုဆိုရင် ပိုပြီးတော့တောင် လူတွေစည်လာကြသည်။ Bမြို့ကို ရောက်ပြီးတော့မှ ဟာအိုတို့ကြက်ကြော်ဆိုင်ကို မရောက်ဖူးလျှင် လာရကျိုးမနပ်ဘူးဆိုသည်အထိပင် ဟာအိုတို့ ကြက်ကြော်ဆိုင်က Bမြို့ရဲ့ trademark တစ်ခုလို ဖြစ်လာတော့သည်။ ဆိုင်ကိုတောင် အခုဆို နှစ်ထပ်အထိ ထပ်ချဲ့ထားရသည်။ တခြားမြို့တွေမှာပါ ဆိုင်ခွဲတွေ ဖွင့်ဖို့ တောင်းဆိုလာကြတဲ့အထိ ဟာအိုတို့ရဲ့ဆိုင်က ပိုပြီး နာမည်ကြီးလာတော့သည်။

" ဟာအို.... "

ဆိုင်ထဲကို ဝင်လာတဲ့ မြို့တော်ဝန်ကြောင့် စားသောက်နေတဲ့သူတွေ ခဏလောက်တော့ အံ့ဩသွားကြတော့သည်။ သို့သော် ခဏမျှသာ လိုက်ကြည့်မိကြပြီး အစားအသောက်ကိုသာ ဆက်စားနေကြ‌သည်။

အခုတလော မြို့တော်ဝန်က သူ့ဆီ လာလည်ရတာကို ဓာတ်ကျနေတဲ့ပုံပင်။ ရည်းစားနဲ့ ပြတ်သွားပေမယ့် မပြတ်သေးတာက ရည်းစားရဲ့ မိသားစုနဲ့ ဆိုသလို ဖြစ်နေလေပြီ။ ကြက်ကြော် လာစားတာမျိုးလည်း မဟုတ်ဘဲ ဒီအတိုင်း ခဏဝင်လာပြီး နေကောင်းလား ဘာညာမေးပြီး ပြန်သွားတတ်သည်။

" ဪ... အန်ကယ်... လမ်းကြုံလို့ ဝင်လာတာလား.... "

လူကြီးက သူရှိရာ ရောက်လာမှတော့ ‌ပြန်မနှုတ်ဆက်လို့ မကောင်းဘူးလေ။

" တမင် လာခဲ့တာ... ဒီနေ့ နေ့လည်စာကို ဒီမှာ စားမလို့လေ... "

" ဒါဆို အပေါ်ထပ်မှာ ထိုင်မလား.. အန်ကယ်... အပေါ်မှာက  လူရှင်းတယ်.... "

Royal Prince Where stories live. Discover now