14

540 90 1
                                    

ရုပ်ချင်း ချွတ်စွပ်တူတဲ့သူနှစ်ယောက်က ပါးချင်းကပ်ကာ ရယ်ပြုံးနေတဲ့ ပုံကို မြင်လိုက်ရတဲ့ တစ်ခဏ မယ်မယ်ကြီးမှာ ခြေတွေလက်တွေ တုန်လာရသည်။ အမြဲတစေ ဣန္ဒြေသိက္ခာအပြည့်နဲ့ ဟန်ပန်အမူအရာတွေကို ထိန်းချုပ်နိုင်ခဲ့သော မယ်မယ်ကြီးတစ်ယောက် ယခုတော့ ထိတ်လန့်တုန်လှုပ်မှုတွေဟာ ဖုံးကွယ်မရအောင် မျက်နှာမှာ အထင်းသားပေါ်နေလေတော့သည်။

" ဘာလို့... သားတော်ငယ်ကို စွန့်ပစ်ခဲ့ရတာလဲ... မယ်တော်... "

မယ်မယ်ကြီးက ဘာမှ ပြန်မပြောနိုင်သေးဘဲ ဆွံ့အလျက် ဖုန်းစခရင်ကိုသာ စိုက်ကြည့်နေလေသည်။

သားတော်အမြွှာနှစ်ယောက်ကို မွေးဖွားတဲ့အချိန်မှာ သူ ခရီးဝေးရောက်နေခဲ့တာကို အခွင့်ကောင်းယူပြီး မယ်မယ်ကြီးက မလုပ်သင့်တာတွေကို လုပ်ခဲ့တာ။ သူကလည်း မယ်တော်ရဲ့ စကားကို မျက်စိစုံမှိတ် ယုံခဲ့ပြီး ၂၄နှစ်လုံးလုံး သားတော်နှစ်ပါးကို ကွဲစေခဲ့တာ။ ဧကရာဇ်မှာ တွေးရင်းတွေးရင်းဖြင့် သူ့ကိုယ်သူ အသုံးမကျတဲ့ ဖခင်တစ်ယောက်လို့ ခံစားလာရပြီး မျက်ရည်တွေ အလိုလိုကျလာရတော့သည်။

" ပြောပါ... မယ်တော်... မြေးတော်အရင်းတစ်ယောက်ကို စွန့်ပစ်‌ရလောက်အောင်အထိ မယ်တော့်အတွက် ဘာတွေကများ ပိုပြီး အရေးပါနေခဲ့တာလဲ... "

မယ်မယ်ကြီး ဖုန်းကို ပိတ်လိုက်ပြီး ဧကရာဇ်ထံ ပြန်ပေးလာသည်။ ထို့နောက် ဆိုဖာမှာ ပြန်လာထိုင်ကာ

" တော်ဝင်မျိုးနွယ်အတွက်ဆို... ဘာမဆို ငါစတေးရဲတယ်... ငါ့အတွက် တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာက အရေးကြီးဆုံးပဲ... "

" အခြေအမြစ်မရှိတဲ့ နတ်ဝင်သည်ရဲ့ ဟောကိန်းနဲ့ပဲ... မြေးတော်ကို စွန့်ပစ်လိုက်ရောလား.... အကယ်၍များ ကလေးနှစ်ယောက်လုံးသာ မကောင်းဘူးလို့ ဟောကိန်းထုတ်ခံလိုက်ရရင်.... မယ်တော်က နှစ်ယောက်စလုံးကို စွန့်ပစ်လိုက်မှာလား... "

" မင်း ဘယ်တုန်းကများ မယ်တော့်ကို ပြန်ပြောရဲတဲ့ သတ္တိတွေ ရှိသွားရတာလဲ... "

ဧကရာဇ်က မယ်မယ်ကြီးရဲ့ မျက်နှာကို စေ့စေ့ကြည့်လာပြီး

" အရင်က သတ္တိနည်းခဲ့လို့... မယ်တော်ရဲ့ စကားတွေကို မတုံ့ပြန်နိုင်ဘဲ တစ်သွေမသိမ်း လိုက်နာခဲ့ရပေမယ့်... သားတော်နှစ်ပါးအတွက် မယ်တော်နဲ့ အတိုက်အခံလုပ်ရဖို့ ကြောက်နေတော့မှာ မဟုတ်ဘူး... ဟာအိုက ကျန်းနိုင်ငံရဲ့ မင်းသားငယ်ပဲ... သားတော်က ဟာအို့ကို ရအောင် ပြန်ခေါ်လာမှာ... "

Royal Prince Where stories live. Discover now