17

536 83 14
                                    

မကိုင်တဲ့ဖုန်းကို ထပ်တလဲလဲ ခေါ်ရင်း အခန်းထဲမှာ ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်ဖြင့် ဟန်ဘင်းတစ်ယောက် သောကရောက်နေရသည်။

ဟိုတစ်နေ့က ကြက်ကြော်ဆိုင်မှာ ဖြစ်သွားတဲ့ အစာအဆိပ်သင့်တဲ့ caseကြောင့် ဟာအိုတို့ရဲ့ ကြက်ကြော်ဆိုင်ဟာ ခေတ္တပိတ်လိုက်ရသည်။ နစ်နာသူက ဆေးရုံတက်လိုက်ရပြီးနောက် ကြက်ကြော်ဆိုင်ကို အစားအသောက်မသန့်ရှင်းမလတ်ဆတ်မှုကြောင့် အစာအဆိပ်သင့်ရပါသည်ဟူသော စွဲချက်ဖြင့် ဟာအိုတို့ကို တရားစွဲဆိုလာ‌လေသည်။ ဟာအိုတို့ဘက်မှ အမှားမလုပ်ထားပေမယ့် တစ်ဖက်လူ ကျေနပ်အောင် တောင်းပန်ဖို့ သွားတွေ့သော်လည်း တစ်ဖက်က အတွေ့မခံ။ တမင်လုပ်နေမှန်း မသိရှာတဲ့ ဟာအိုတို့ကတော့ ဘာကိုမှ သံသယမဝင်ရှာဘဲ ဆိုင်ပြန်ဖွင့်နိုင်ဖို့ပဲ လုံးပမ်းနေလေသည်။

ဟန်ဘင်းမှာသာ မည်သူ့လက်ချက်မှန်း သိနေတာကြောင့် ဟာနူးလ်ကို ဆက်သွယ်နေသော်လည်း ကျန်းဟာနူးလ်က ဖုန်းမကိုင်။ ဟာအိုတို့ရဲ့ ကြက်ကြော်ဆိုင်ဟာ Bမြို့မှာ နာမည်အကြီးဆုံးဆိုင်ဖြစ်တာကြောင့် အွန်လိုင်းပေါ်မှာ ဟိုးလေးတစ်ကျော်ဖြစ်နေသော်လည်း ဟာနူးလ်တို့ဘက်က မသိသေးသည့်ပုံ။

[ ဂျန်ဟာအိုနဲ့ လမ်းခွဲလိုက်၊ မဟုတ်ရင် သူတို့တစ်မိသားစုလုံး ဒုက္ခရောက်စေရမယ် ]

လွန့်ခဲ့သောနှစ်ပတ်ခန့်က အမည်မသိဖုန်းတစ်လုံးမှ ထိုမက်ဆေ့ခ်ျကို ပို့လာကတည်းက ဟန်ဘင်းမှာ သောကများနေခဲ့ရသည်။ ထိုအကြောင်းကို ဟာနူးလ်ဆီ လှမ်းပြောသော်လည်း သကောင့်သားက ဟာအို့ကို စွန့်ပစ်ခဲ့တာ အဘွားတော်ဟု ပြောပြီးနောက်ပိုင်း ဆက်သွယ်မရအောင် ပျောက်သွားတာပင်။

ဟာအိုနဲ့အတူ အရာအားလုံးကို ရင်ဆိုင်မယ်ဟု ဆုံးဖြတ်ထားပြီး ထိုမက်ဆေ့ခ်ျကို လျစ်လျူရှူထားခဲ့ပါသော်လည်း တစ်ဖက်လူရဲ့ လျှပ်တစ်ပြက် တိုက်စစ်ဆင်မှုတွေအောက်မှာ သူဟာ လုံးဝအသုံးမကျသူဖြစ်သွားရသည်။ အခုတော့ ဟာအိုတို့ဆိုင်ပိတ်လိုက်ရတာကိုလည်း ဘာမှမလုပ်ပေးနိုင်ဘဲ ရပ်သာကြည့်နေရသည်။ တစ်ဖက်လူဟာ အင်အားကြီးသည့်သူဖြစ်တာကြောင့် သူလို ပမွှားလေးက ဘယ်လိုမှပင် ယှဉ်မရချေ။

Royal Prince Where stories live. Discover now