ဟာအို့ရဲ့ ဆိုင်ကယ်အနောက်ကနေ လိုက်စီးပြီး ဆိုင်ကယ် မောင်းနေတဲ့ ဟာအိုရဲ့ ခါးသိမ်သိမ်လေးကို ဖက်လိုက်ရတဲ့ တစ်ခဏဟာ ဟန်ဘင်းအတွက်တော့ တလောကလုံးကို အနိုင်ရလိုက်သလိုပင်။ ဟာအို့ကို လာ, လာရှိတ်နေတဲ့ ကောင်မလေးတွေကိုလည်း ဒီလူဟာ ငါ့အပိုင်ဆိုပြီး မဏ္ဍပ်တိုင်တောင် တက်ပြလိုက်ချင်သေးသည်။ ယခုအချိန်မှာတော့ ဟန်ဘင်းက အောင်နိုင်သူပဲလေ။
ဟန်ဘင်းတစ်ယောက် ခါးလေးကို ဖက်ထားရုံတင်မကပဲ ဟာအို့ရဲ့ ပုခုံးပေါ်ကိုပါ မေးတင်လိုက်သည်။
" ဟန်ဘင်း.... "
" ကိုယ်လေ... ဟာအို့နောက်ကနေ ဆိုင်ကယ်လိုက်စီးရတာကို ကြိုက်သွားပြီ... နောက်ကျရင်လည်း အပြင်သွားတဲ့ အခါ ဆိုင်ကယ်နဲ့ပဲ သွားရအောင်နော်... "
ဟာအို့ရဲ့ ပုခုံးပေါ် မေးတင်ထားရင်း စကားကို နား,နားကပ်ပြောလိုက်တာကြောင့် ဟာအိုက နား ယားသွားပုံရသည်။ ချက်ချင်းပင် ပုခုံးကို တွန့်ကာ ဟန်ဘင်းရဲ့ခေါင်းကို ဖယ်လေတော့သည်။ ဒါမျိုးတော့ ဘယ်ရမလဲ။ ဆောင်းဟန်ဘင်းလေ... ရင်နဲ့ကျောပါ တစ်ခါတည်း ကပ်ပစ်လိုက်ပြီး ခါးကို တင်းတင်းကျပ်ကျပ်ဖက်ကာ ခေါင်းကို အဖယ်မခံ။
" အနောက်ကနေ ငြိမ်ငြိမ်နေလေ... ဟန်ဘင်းရှီး... "
" ကိုယ်က ငြိမ်ငြိမ်နေပါတယ်... ဟာအိုကသာ အရှေ့ကနေ ငြိမ်ငြိမ်မနေတာ... "
" ဟန်ဘင်းက နား,နားကပ်ပြီး စကားမပြောနဲ့လေ... ယားတယ်... "
" အခုလိုလား... "
ထပ်ပြီး နား,နားကို ကပ်ကာ လေသံတိုးတိုးလေးနဲ့ ပြောလာတာကြောင့် ဟာအို ပုခုံးတွန့်လိုက်မိပြန်သည်။
" ကျွန်တော် ထပ်ပြီး ဆိုင်ကယ်မလဲချင်ဘူးနော်... ဟန်ဘင်းရှီး... "
" အင်းပါ.. ကိုယ် မစတော့ပါဘူး... "
အားကစားကွင်းထဲကို ဆိုင်ကယ်စီးပြီး ဝင်လာတဲ့ ဟာအိုတို့အတွဲက လူတိုင်းက စိတ်ဝင်တစားနဲ့ လိုက်ကြည့်နေကြလေသည်။ ဆိုင်ကယ်ကို ဘေးမှာ ရပ်လိုက်ပြီး နှစ်ယောက်သား ဆိုင်ကယ်ပေါ်က ဆင်းလာတာနဲ့ တခြားracerတွေရော mechanic တွေကပါ ဟာအိုတို့ အနား ရောက်လာကြသည်။