15

523 86 8
                                    

" DNA test စစ်ခဲ့ပြီ.... ခမည်းတော်.... "

စာအိတ်ကို ခမည်းတော်ရဲ့ လက်ထဲ ဟာနူးလ် ထည့်ပေးလိုက်သည်။

" ခမည်းတော်လည်း သားတော်လိုပဲ... ဟာအို့ကို သားတော်ငယ်လို့ သံသယရှိနေတယ်မလား.... "

ဟာနူးလ်ရဲ့အမေးကို ခမည်းတော်က ပြန်မဖြေသေးဘဲ စာအိတ်ထဲက အဖြေလွှာစာရွက်ကိုသာ ဖွင့်ကြည့်နေလေသည်။ အဖြေကို သိလိုက်ရလို့လည်း ခမည်းတော်က အံ့ဩသွားသည့်ပုံ မပေါ်။ အေးအေးဆေးဆေးပင် စာရွက်ကို ပြန်ခေါက်ကာ အိတ်ထဲ ပြန်ထည့်နေသည်။

" ခမည်းတော်က အဖြေကို သိနှင့်ပြီးသားလား... "

" အင်း.... "

" ဟာအိုက ဘာလို့ တခြားမိသားစုဆီ ရောက်နေသလဲဆိုတာ... စုံစမ်းကြရအောင်... ခမည်းတော်... "

ခမည်းတော်က ဟာနူးလ်အား ခေါင်းခါပြလာပြီး

" မလိုတော့ဘူး... သားတော်... အဓိက တရားခံက မင်းရဲ့ အဘွားတော်ပဲ... "

မထင်မှတ်ထားသည့်အရာမလို့ ဟာနူးလ်မှာ တုန်လှုပ်သွားရသည်။

" မင်းတို့ မမွေးခင်ကတည်းက သူက နတ်ဝင်သည်ကို မင်းတို့ရဲ့ ဇာတာကို စစ်ခိုင်းပြီး... ဟာအိုလေးက ခိုက်မယ့်ကလေးဆိုပြီး ဟောကိန်းထုတ်လိုက်တော့ အတ္တကြီးတဲ့ မင်းတို့ အဘွားတော်က အစီအစဉ်တွေဆွဲပြီး ဟာအို့ကို စွန့်ပစ်ခဲ့တာပဲ....."

ခမည်းတော်ရဲ့ ရှင်းပြချက်ကို ကြားပြီးနောက် ဟာနူးလ်မှာ မျက်ရည်တွေ ကျလာပြီး

" အဲဒီလို စွန့်ပစ်ခဲ့လို့ ဟာအိုက ကံကောင်းသွားတာပေါ့... အဘွားတော်ရဲ့ ထိန်းချုပ်မှုတွေကြားမှာ သားတော်လို နေရမယ့်အစား.. သူ့ကို အရမ်းချစ်ပေးတဲ့ မိသားစုဆီ ရောက်သွားရှာတာ...  "

" အခု... ခမည်းတော် စဉ်းစားနေတာက... ဟာအို့ကို ဘယ်လို ပြန်ခေါ်ရမလဲဆိုတာပဲ... "

" ဟင့်အင်း... သူ့ကို ပြန်မခေါ်ပါနဲ့... သူ့ဘာသာသူ နေပါစေ... သူ့ကို ပြန်ခေါ်ရင် သူ ဘာကြောင့် စွန့်ပစ်ခံလိုက်ရသလဲဆိုတာ သိသွားမှာပဲ... အဲဒီအခါကျရင် သူ ဝမ်းနည်းသွားလိမ့်မယ်... "

" .... "

" မဟုတ်လည်း သားတော်တို့ သူ့ကို သွားတွေ့လို့ ရနေတာပဲလေ... သူ့ကိုယ်သူ သားတော်အရင်းမှန်း မသိပေမယ့် ဟန်ဘင်းနဲ့ ပတ်သက်ပြီး တွေ့လို့ ရတာပဲလေ... နော်.... ခမည်းတော်....."

Royal Prince Where stories live. Discover now