18

525 101 13
                                    

" ဆောင်းဟန်ဘင်း.... မင်း သူ့နဲ့ လမ်းမခွဲဘဲ ဆက်တွဲမယ်ဆိုရင် ဟာနူးလ်နဲ့ ဘယ်တော့မှ လာမပတ်သက်နဲ့... ဟာနူးလ်ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းဘဝကို စွန့်လွှတ်လိုက်တော့.... "

ဟန်ဘင်းရဲ့ ခြေလှမ်းတွေက တုံ့ခနဲ ရပ်သွားတာကြောင့် ဟာအိုလည်း အတူ ရပ်တန့်လိုက်မိသည်။ ထို့နောက် နှစ်ယောက်သား မယ်မယ်ကြီးကို လှည့်ကြည့်လိုက်လေသည်။ မယ်မယ်ကြီးက သူတို့နှစ်ယောက်ကို ခပ်ထေ့ထေ့ပုံစံဖြင့် ကြည့်နေလေသည်။

အဘွားတော်ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ဆက်ပြီး သည်းမခံနိုင်တော့အဆုံးမှာတော့ ဟာနူးလ်တစ်ယောက် ထိုင်နေရာမှ ဝုန်းခနဲ ထရပ်လိုက်ပြီး

" အဘွားတော်က ဘာလို့ ဇွတ်အတင်း ဟာအိုတို့ကို လမ်းခွဲခိုင်းနေရတာလဲ...  ဟာအိုကိုယ်တိုင်လည်း တော်ဝင်မိသားစုထဲ ဝင်ဖို့ စိတ်ကူးမရှိဘူးလို့ ပြောပြီးပြီလေ... သူတို့နှစ်ယောက်ကို လွှတ်ထားလိုက်ပါတော့လား... "

" ကျန်းဟာနူးလ်!! ခုချက်ချင်း နေရာမှာ ပြန်ထိုင်လိုက်စမ်း! မင်းရဲ့ကိစ္စတွေလည်း ငါမသိဘူးလို့ ထင်မနေနဲ့နော်...ခဏလွှတ်ထားပေးတာကို ရောင့်တက်မလာနဲ့... "

ထိုစကားကို ကြားလိုက်ချိန်မှာတော့ ဟာနူးလ် ရင်ထဲ ထိတ်သွားရသည်။ အဘွားတော်ရဲ့ စကားအသွားအလာအရ ဂွန်းဝုနဲ့အကြောင်းကို သိသွားပြီမှန်း ဟာနူးလ် နားလည်လိုက်သည်။ ထို့ကြောင့် ဟာနူးလ်လည်း ခေါင်းငုံ့လျက် နေရာမှာ ပြန်ထိုင်လိုက်လေသည်။ မျက်နှာပျက်နေတဲ့ ဟာနူးလ်ကို ကြည့်ပြီး ဟန်ဘင်းနဲ့ ဟာအိုလည်း နေရာမှ မရွှေ့မိကြ။

မယ်မယ်ကြီးက လွတ်နေတဲ့ ခုံနှစ်ခုံကို လက်ညှိုးထိုးပြကာ

" ပြန်လာထိုင်ကြ... ငါ ပြောနေတာတွေ မပြီးသေးဘူး... "

ထိုအခါ ဟာအိုက ဂရုမစိုက်ဘဲ လှည့်ထွက်သွားလိုက်ချင်ပေမယ့် ဟာနူးလ်ကို စိုးရိမ်တကြီး ကြည့်ပြီး စိတ်မချတဲ့ပုံဖြစ်နေတဲ့ ဟန်ဘင်းကြောင့် ဟာအိုလည်း ဟန်ဘင်းကို ဆွဲခေါ်ကာ နေရာမှာ ပြန်ထိုင်လိုက်လေသည်။

" ‌အိမ်ရှေ့စံက ယောက်ျားတစ်ယောက်နဲ့ ကြိုက်သတဲ့... မင်းကိုယ်မင်း မှန်တယ်များ ထင်နေသလား... ကျန်းဟာနူးလ်...ဒီနေ့ကစပြီး မင်းမှာ အကြောင်းမရှိဘဲ အပြင်ထွက်ခွင့်မရှိတော့ဘူး... "

Royal Prince Where stories live. Discover now