5

596 88 7
                                    

ဆိုင်ထဲ ဝင်လာလာချင်းမှာပဲ စားပွဲဝိုင်းတစ်ခုကနေ ရုတ်တရက် ထပြီး ထွက်လာတဲ့သူနဲ့ ဝင်တိုက်မိကာ ဟာအို လဲကျတော့မလို ဖြစ်သွားရသည်။ ယိုင်သွားတဲ့ သူ့ကို တစ်ဖက်လူကို ခါးကနေ ပွေ့ကာ ထိန်းပေးလာသည်။ ဟာအို တစ်ဖက်လူကို လှည့်ကြည့်လိုက်တော့ ထိူသူက ဟာအို့ကို မြင်မြင်ချင်း အံ့ဩသွားကာ စိုက်ကြည့်နေလေသည်။ ဟာအိုလည်း ကြောင်တောင်တောင်နဲ့ ပြန်ကြည့်နေမိရင်း ခါးကို ပွေ့ဖက်ထားတဲ့ လက်ဆီမှ တင်းကျပ်လာမှုကို ခံစားလိုက်ရတော့ ထိုလူရဲ့ လက်တွေကို ဆတ်ခနဲ့ ပုတ်ချလိုက်မိတော့သည်။

" ကျွန်တော့ကို ထိန်းပေးလို့ ကျေးဇူးပါဗျ... "

ဟာအိုလည်း ထိုနေရာမှ ထွက်လာခဲ့ကာ ကောင်တာဆီကို တန်းတန်းမတ်မတ် သွားလိုက်သည်။ ထိုလူက ကောင်တာ‌ရှေ့ကနေ ဖြတ်သွားတာတောင် ဟာအို့ကို ကွက်ကြည့်ကွက်ကြည့်နဲ့ ။ ဟာအိုလည်း ကိုယ့်ဆိုင်ကို လာတဲ့ ဧည့်သည်မလို့ ပြုံးပြလိုက်မိသည်။ ထိုလူကလည်း ဟာအို့ကို ပြန်ပြုံးပြကာ toiletဆီသို့ ထွက်သွားတော့သည်။ ဟာအိုလည်း ခေါင်းတယမ်းယမ်းနဲ့ laptopထဲက စာရင်းတွေကို စစ်ကြည့်နေမိသည်။

ကိုယ့်ကို တစ်ယောက်‌ယောက်က စိုက်ကြည့်နေသလိုမျိုး ခံစားချက်ကြောင့် ဟာအို ဆိုင်ထဲ မျက်စိကစားကာ ကြည့်မိတော့ စောနကလူ ထလာတဲ့ စားပွဲဝိုင်းမှ ကောင်လေးတစ်ယောက်က သူ့ကို စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။ ထိုကောင်လေးက ဆံပင်ကကောက်ကောက်၊ မျက်မှန်ဝိုင်းဝိုင်း တစ်လက်ကို ဝတ်ဆင်ထားသည်။ ဟာအိုနဲ့ အကြည့်ချင်း ဆုံတာတောင် အကြည့်မလွှဲသွားဘဲ သရဲတစ္ဆေတစ်ကောင်ကို မြင်နေရသလိုမျိုး ပြူးကြောင်ကြောင်ကြီး ကြည့်နေတာကြောင့် ဟာအိုတစ်ယောက် ကျောတောင် ချမ်းလာရသည်။ ဟာအိုလည်း သူ့ဘက်ကနေပဲ အကြည့်လွှဲလိုက်ပြီး

" ဘာလဲဟ... "

ဟာအို စာရင်းတွေ စစ်နေစဉ်မှာပဲ

" ဟိုလေ... နာမည်လေး သိလို့ ရမလားခင်ဗျ... "

ဟာအို မော့ကြည့်လိုက်မိတော့ ဆံပင်ကောက်ကောက်နဲ့ ကောင်လေး ဖြစ်နေလေသည်။

" ခင်ဗျာ? "

" နာမည်လေး သိလို့ရမလားခင်ဗျ... "

Royal Prince Where stories live. Discover now