" ကြက်ကြော် full size၊ ကိုလာ သုံးခွက်.... အဲဒါပဲ... "
" ဟုတ်ကဲ့... xxxxxxx ကျပါတယ်ခင်ဗျ... "
" ဒီမှာပါ.... "
" ဟုတ်ကဲ့.... ပြန်အမ်းငွေလေးပါခင်ဗျ.... "
customer တွေကို အပြုံးတွေ ဖောဖောသီသီနဲ့ ဆက်ဆံနေသော ဟန်ဘင်းအား ဟာအို ကောင်တာကနေ မေးထောက်ရင်း လှမ်းကြည့်နေမိသည်။ ကမ္ဘာ့နံပါတ်တစ် တက္ကသိုလ်ကနေ ဘွဲ့ယူလာပြီး ကြက်ကြော်ဆိုင်မှာ အလုပ်ဝင်လုပ်နေတာကို ဆောင်းဟန်ဘင်းရဲ့ မိဘတွေ သိရင်တော့ ရင်ကျိုးချေတော့မည်။ မဟုတ်လည်း ဒီဆိုင်က သူ့အတွက် တံခါးမရှိ၊ ဓားမရှိ လာခွင့်ပြုထားတာကို ဘာကြောင့် ဆိုင်မှာ အပင်ပန်းခံပြီး အလုပ်လုပ်ချင်နေမှန်း မသိ။
ဟာအို ကြည့်နေတာကို ခံစားမိ၍ထင်သည်။ ဟန်ဘင်းတစ်ယောက် order ကောက်နေရင်းမှ ဟာအို့ကို လှမ်းကြည့်လာသည်။ ပြီးတော့ ဘယ်သူမှ မမြင်လိုက်ခင် ဟာအို့ကို မျက်စိတစ်ဖက် မှိတ်ပြသည်။ ကျစ်... ဒီဝန်ထမ်းကတော့... သူဌေးကို အီစီကလီ လာရိုက်နေတယ်...။ တဒိန်းဒိန်း ခုန်လာတဲ့ နှလုံးသားကို မျက်ကွယ်ပြုကာ Laptopကို ကြည့်ပြီး စာရင်းပဲစစ်နေလိုက်သည်။
ဒေါက်... ဒေါက်.... ။
ဟာအို ထိုင်နေတဲ့ ကောင်တာကို လာခေါက်တာကြောင့် ဟာအို မော့ကြည့်လိုက်သည်။ ဟန်ဘင်းက သူ့ကို ပြုံးကြည့်နေရင်း
" နေ့လည်စာ မစားသေးဘူးလား... "
" ဟန်ဘင်းကရော... "
ဟာအို ထိုင်နေရာမှ ထလိုက်ပြီး အနီးနားမှာ ရပ်နေတဲ့ ဝန်ထမ်းမလေးကို လှမ်းခေါ်လိုက်သည်။
" ငါ... အပြင် ခဏသွားမလို့ ... ဆိုင်ကို သေချာ ကြည့်ပေးထားဦးနော်... "
" ဟုတ်ကဲ့ပါ... သူဌေး... "
သူ့ရှေ့မှာ ရပ်နေတဲ့ ဟန်ဘင်းအား ဟာအို မေးဆတ်ပြလိုက်ကာ
" အင်္ကျီသွားလဲလိုက်ဦး... နေ့လည်စာ သွားစားရအောင်လို့... "
ဟန်ဘင်း ခေါင်းညိတ်ပြလိုက်ပြီး အဝတ်အစားလဲဖို့ ထွက်သွားလေသည်။ ဟန်ဘင်း ပြန်ထွက်လာတော့မှ နှစ်ယောက်သား ဆိုင်ထဲကနေ အတူထွက်လာခဲ့သည်။