7

587 81 6
                                    

" ဂွန်းဝု... အဲ့အရှေ့မှာ ဘာရပ်လုပ်နေတာလဲ... "

တိုက်ထဲက ထွက်လာတဲ့ အသံကြောင့် ဂွန်းဝုရော ဟာနူးလ်ပါ လှည့်ကြည့်လိုက်မိသည်။ တိုက်ထဲက လူကြီးက ဟာနူးလ်ကိုလည်း တွေ့ရော

" ဟာ... မင်းပဲ... ဒီနှစ်တွေမှာ ဘယ်ပျောက်နေတာတုန်း... "

ဂိမ်းဆိုင်ပိုင်ရှင် ဦးလေးကြီးအား ဟာနူးလ် ပြုံးပြလိုက်ပြီး ဦးလေးကြီးအနား လျှောက်သွားလိုက်သည်။

" မတွေ့တာကြာပြီနော်... ဦီးလေး... ဟီး... ကျွန်တော်က xxxxxxမှာ တက္ကသိုလ်သွားတက်ရလို့ပါ... "

" လာလေ... အိမ်ထဲ ဝင်ဦး... လာ... လာ... "

ဟာနူးလ်လည်း ဦးလေးကြီးအနောက်ကနေ အိမ်ထဲ လိုက်ဝင်သွားလေသည်။ ဟာနူးလ်အနောက်‌ကနေမှ ပတ်ဂွန်းဝုက လိုက်လာသည်။

" ဦးလေးက ဂိမ်းဆိုင်ကို ပိတ်လိုက်တာလား... "

" အေး... အခု ဦးလေးက အိမ်ခြံမြေအကျိုးဆောင် လုပ်နေတာလေ... "

သူ့ရှေ့ မျက်နှာချင်းဆိုင်မှာ ထိုင်ပြီး သူ့အား စူးစူးစိုက်စိုက်ကြည့်နေတဲ့ ဂွန်းဝုအား ဟာနူးလ် မေးဆတ်ပြလိုက်ရင်း

" အခု ဘယ်နှတန်း ရောက်နေပြီလဲ... "

" တက္ကသိုလ်တက်တော့မှာ... "

ဦးလေးကြီးက သူ့တူအား နှာခေါင်းရှုံ့ကာ ကြည့်လိုက်ပြီး

" ပြဿနာအိုးလေ... သူ့မြို့မှာ ရန်ဖြစ်လို့ သူ့အမေက နှင်လွှတ်လိုက်တာ.. "

ထိုစကားကို ကြားတော့ ဟာနူးလ်က အံ့ဩသွားပုံ မပြဘဲ ရယ်ကျဲကျဲနှင့်

" ငယ်ငယ်လေးတည်းက ဂျစ်ကန်ကန်ကိုး... လူဆိုးလေး ဖြစ်လာတာ မဆန်းပါဘူး... "

ထိုအခါ ဂွန်းဝုက ဟာနူးလ်အား မျက်မှောင်ကြုတ်ကာ ကြည့်လာသည်။ ဟာနူးလ်က လျှာထုတ်ကာ ပြောင်ပြလိုက်တော့ ဂွန်းဝုက မျက်နှာကြီး နီရဲသွားပြီး အကြည့်လွှဲသွားတော့သည်။ ဟာနူးလ် ပြုံးလိုက်ပြီး

" ကျွန်တော်တော့ ဂိမ်းဆိုင်အသစ် လိုက်ရှာရတော့မှာပဲ... "

" နှစ်လမ်းကျော်မှာ ကျွန်တော် သွားနေကျ ဆိုင်ရှိတယ်... လိုက်မလား .. "

Royal Prince Where stories live. Discover now