Chapter 1

160K 4.4K 811
                                    

Unicode

" မရုန်းစမ်းနဲ့ ခင်ဗျားကျုပ်လက်က လွတ်မှာ မဟုတ်မှန်း သိတယ်မလား "

" မင်း မရမ်းကားစမ်းနဲ့ ဝီရဦးခေါင် "

အခုချိန် တစ်ယောက်ယောက်များ ဝင်လာကြည့်ပါ့လား ပြဿနာတွေ အကြီးအကျယ် တက်ကုန်မှာ ။

စေ့စပ်ပွဲမှာ ရှိနေရမဲ့ လူက သူ့အခန်းထဲရောက်နေရတယ်လို့ ။

ကုတင်ပေါ် စီးကရက်ထိုင်သောက်နေတဲ့ သူက နေနေ ရေချိုးခန်းထဲက ထွက်လာတာမြင်တာနဲ့ အတင်းကို ဆွဲဖက်ထားတာ အသက်ရှူတောင်ကြပ်တယ် ။

" ဘာလဲ ဒယ်ဒီတွေ့ပြီး ခင်ဗျားကို အထင်လွဲသွားမှာဆိုးလို့လား နေနေ "

" မဆိုင်တာ ငါနဲ့ မင်းဒယ်ဒီက ရိုးရိုးသားသား "

" ခင်ဗျား မလိမ်စမ်းနဲ့ နေနေ ရိုးရိုးသားသား ဆက်ဆံရေးရှိတဲ့ လူနှစ်ယောက်က သန်းခေါင်ကျော်မှဟိုတယ်သွားပြီး အလုပ်မလုပ်ဘူး "

" ဝီရဦးခေါင် ခါးဖက်ထားတာ လွှတ်ပေး "

တတ်နိုင်သလောက် သူ့အားနဲ့ ခါးပေါ်က လက်ကြီးနှစ်ဖက်ကိုတွန်းဖယ်ပစ်ပေမဲ့ မရ ။

သကောင့်သားက ခါးကိုဖက်ထားတဲ့အပြင် သူ့ပုခုံးအပေါ်က မေးပစ်တင်ထားသေးတာ ။

စီးကရက်အနံ့တွေကလည်း မွှန်ထူနေတာပဲ ။

" ငါပြောနေတယ်လေ ဖယ်ပေး "

" မာမီက ခင်ဗျားကြောင့် ဒယ်ဒီနဲ့ ကွာရှင်းလိုက်ရတာ ဆို "

" မဟုတ်တာ ငါတို့ မဟုတ်ဘူး မင်းအထင်လွဲ "

" ခင်ဗျား စောက်ပါးစပ်ကို ပိတ်ထားလိုက် နေနေ "

ခါးပေါ်က လက်နှစ်ဖက်က ပိုပြီး တင်းကြပ်လာကာ သူ့မျက်နှာကြီးကလည်း နေနေ့ပုခုံးကနေ လည်ပင်းဆီကိုရွှေ့လာသည် ။

" ငါရှင်းပြမယ် ဝီရဦးခေါင် အဲ့လိုမဟုတ် "

" သိပ်ကို ဟုတ်တာပေါ့ ခင်ဗျား နဲ့ ဒယ်ဒီ့ရဲ့ ဟိုလိုလို ဒီလိုလိုဆက်ဆံရေးတွေကြောင့် မာမီ့မှာ ပင်ပန်းဆင်းရဲခဲ့ရတာ ကျုပ်ကိုတောင် မပြုစုမ
စောင့်ရှောက်နိုင်တော့လို့ လန်ဒန်ကိုပို့ပစ်လိုက်တဲ့အထိပဲလေ ဟုတ်တယ်မလား နေနေ "

CEO's Possessively Boyfriend Where stories live. Discover now