Chapter 29

42.9K 2.4K 706
                                    

Unicode

အခန်းအပြင်ထွက်ဖို့ ရွယ်ထားတဲ့ ဝီရဦးခေါင် ခြေလှမ်းတွေက ဆက်မလှမ်းဖြစ်တော့ဘဲ နေဥတ္တရာ ထိုင်နေတဲ့ ခုံ အနားကိုပဲ ပြန်ရောက်လာသည် ။

" ကလေးအမေ ဘယ်သူလဲ "

" ဘာ "

" ကျုပ် မိန်းမ ! သက်ဦးစံပိုင် ရဲ့ မာမီ ကို မေးတာ "

" မင်း! သားက ငါ့သား "

" ဒါဆို ပြ "

" ဘာကိုလဲ ငါက ဘာကို ပြရမှာလဲ "

" သားကို မွေးပေးထားတယ်ဆိုတဲ့ သက်သေ "

ရုပ်တည်ကြီးနဲ့ မေးလိုက်တော့ နေဥတ္တရာက သူ့ကို မျက်နှာလေးအပျက်ပျက်အယွင်းယွင်းနဲ့ ကြည့်လာတယ် ။

" သားအကြောင်းကို ငါပြောမှ သိတဲ့ကောင်က အခု ငါ့ကိုပြန်ပြီး စော်ကားနေတာပဲ "

" ဒါဆို ကျုပ်က ဘာကိုယုံရမှာလဲ ခင်ဗျား က ကျုပ်မျိုးဆက်ကို မွေးပေးထားတယ်ဆိုတာ "

" ဝီရဦးခေါင်! !!!!! "

နှုတ်ခမ်းထောင့်ဖျားလေးကို ဝီရဦးခေါင် ဖြတ်ခနဲလှမ်းနမ်းလိုက်တော့ အံ့သြသွားပုံရသည့် မျက်ဝန်းလေးတွေကြောင့် စိတ်က ရွှင်လာသည် ။

နေဥတ္တရာလို အထိမခံရွှေပန်းကန်လေးကို စရတာ ဒီလောက်ထိ ပျော်စရာကောင်းမှန်း သူမသိခဲ့ဘူး ။

အရူးလေးက ဝီရဦးခေါင် စလို့စနေမှန်းလည်း မသိ။

" မင်း ! "

နဖူးစွန်းလေးကိုပါ ထပ်နမ်းလိုက်တော့ လက်သေးသေးလေးတွေနဲ့ သူ့ရင်ဘတ်ကိုတဖတ်ဖတ်ရိုက်လာပြန်တယ် ။

" ဘာလဲ ခင်ဗျား နဲ့ ကျုပ်က ကလေးတစ်ယောက်တောင် ရထားပြီးပြီပဲ ဒီလောက်လေးလုပ်တာ ရှက်စရာ လိုလို့လား "

" ဘယ်မှာ ရှက်လို့လဲ လျှောက်ပြောနေတယ် "

" ခင်ဗျားကသာ မရှက်ဖူးပြောနေတာ ခင်ဗျားမျက်နှာကြီးက နီရဲပြီး ပေါက်ထွက်တော့မယ် ဆိုတာကို သိရဲ့လား "

" ဟုတ်ဘဲနဲ့ ညာပြောနေတာ "

သူ့ကို ဆူဆူအောင့်အောင့်လေးပြောပြီးမှ သားမြင်သွားမလားစိုးရိမ်နေတဲ့လူက ကုတင်ပေါ်ကိုလည်း တကြည့်ကြည့်နဲ့ ဖြစ်နေသေးတာ ။ စာအုပ်ကိုင်နေတဲ့ သားကိုမြင်မှ သက်ပြင်းချလိုက်တဲ့ပုံစံလေးကို ဝီရဦးခေါင်မှာ မြင်ပြီး အသည်းတယားယား ဖြစ်ရုံသာမက ရင်ဘတ်ထဲမှာတောင် ယားကျိယားကျိ ဖြစ်သွားသလိုပင် ။

CEO's Possessively Boyfriend Where stories live. Discover now