Chapter 10

45.2K 2.6K 423
                                    

Unicode

" နေဥတ္တရာ ခင်ဗျား ထွက်မလာသေး! "

ဝီရဦးခေါင် စိတ်တိုတိုနဲ့ အော်ဖို့ရှိသေး အခန်းတံခါးပွင့်လာတာမို့ စိတ်လျှော့လိုက်ပြီး ခုံမှာ ပြန်ထိုင်လိုက်သည် ။

" ထွက်လာလေ ဘာလုပ်နေတာလဲ ကျုပ် "

" ငါ "

လူရောက်မလာခင်မှာ ကြိုရောက်နှင့်နေတာက Melon ရေမွှေးနံ့သင်းသင်းလေး ။ ပြီးတော့ တရွေ့ရွေ့ နဲ့ သူ့မျက်စိရှေ့ကို ရောက်လာသောသူ ။

ခေါင်းလေးငုံ့ကာ လက်လေးနှစ်ဖက်ကိုပွတ်နေ
သည့်အပြင် ဘေးတိုက်မြင်နေရတဲ့ပါးပြင်နှစ်ဖက်ကလည်း ရဲချင်နေပြီ ။

ပန်းနုရောင် ရင်ဖုံးအင်္ကျီလေးကလည်း သူနဲ့ကွက်တိဖြစ်ကာ ခါးသိမ်သိမ်ဟာအထင်းသား ။ သူ့လက်တစ်ဖက်ထဲနဲ့တောင် နေနေ့ခါးကိုသိမ်းကျုံး ဖက်လို့ရတယ် ။

ပြီးတော့ ကတ္တီပါဖိနပ်အပါးလေးစီးထားတဲ့ ခြေချောင်းနီနီထွေးထွေးလေးတွေကလည်း ဝတ်ထားတဲ့ အဝတ်အစားနဲ့ ပနံသင့်နေသေးသည် ။

မှားသွားပြီ သူမှားသွားပြီ နေဥတ္တရာကို ခင်ဗျား ဝင်သရုပ်ဆောင် ဆိုပြီး မပြောလိုက်သင့်ဘူး ။

တောက်!

ခေါင်းက လုံးဝကိုပြန်မမော့တော့ဘဲ အောက်ကိုပဲကြည့်နေသူကြောင့် ဝီရဦးခေါင် တောက်တစ်ချက်ခေါက်ပစ်လိုက်တယ် ။

တောက်ခေါက်လိုက်တော့လည်း ကြောက်သလို ရွံ့သလိုနဲ့ ခန္ဓာကိုယ် က တုန်တက်သွားသေးတာ ။

ဒီလူကတော့ မျက်နှာမြင်ချင်ပါတယ်ဆို မျက်နှာကို မပြဘူး ။

" နေနေ ကျုပ်အနားလာ "

" ငါပြောသားပဲ အဆင်မပြေဘူး ဆို မင်းက "

" မင်းက ဘာဖြစ်လဲ "

အခုထိ သူ့ကို နေဥတ္တရာ မျက်နှာချင်းမဆိုင်ဘဲ ဟိုကြည့်ဒီကြည့်လုပ်နေပြန်ပြီ ။

" မင်းက အတင်း မင်းပဲ ပြောတာလေ ငါအဆင်မပြေဘူးမလား မေမေ့! "

ပါးစပ်က ပွစိပွစိ ပြောနေတုန်း ဝီရဦးခေါင် ညာလက်ကိုဆောင့်ဆွဲကာ ပေါင်ပေါ်တင်လိုက်သည် ။

CEO's Possessively Boyfriend Where stories live. Discover now