Chapter 12

39.8K 2.5K 382
                                    

Unicode

နေဥတ္တရာ မှာ စိတ်ထဲ အတော် ကို ရှုပ်ထွေးနေကာ ဘယ်လိုမှ အဆင်မပြေလှ ။

ပေါက်ကွဲပစ်လိုက်လို့လည်း အခြေနေတွေက အားလုံး အဆင်ပြေသွားမှာ မဟုတ်တာမို့တွေးရင်းတွေးရင်းနဲ့ပင် မွန်းကြပ်မှုကိုစပြီးခံစားလာရသည် ။

တစ်လမ်းလုံး ဟိုငေးဒီငေး ဟိုတွေးဒီတွေး နဲ့ အိမ်ကိုတောင် ဘယ်လိုပြန်ရောက်လာလဲ မသိတော့ ။

အလုပ်ထွက်လာပြီဆိုတာကိုလည်း အိမ်နဲ့ဝီရဦးခေါင်ကို အကြောင်းပြချက် ဘယ်လိုပေးရမလဲ ။

အိမ်ထဲ ခြေချလိုက်တာနဲ့ ညှော်နံ့က နှာခေါင်းထဲ အလိုလိုဝင်လာတာမို့ နေနေ လက်ထဲက စက္ကူပုံးကြီးကိုပစ်ချကာ မီးခိုးတွေထွက်နေသည့် နေရာကိုပြေးသွားလိုက်သည် ။

" ဝီရဦးခေါင် မင်း ! ဘာလုပ် "

နေနေ့မှာ ဆုံးအောင်တောင် ထပ်ပြီးမမေးနိုင်တော့သည်အထိ ဆွံ့အသွားရတယ် ။

မီးရှို့နေတာ ဝီရဦးခေါင် က အင်္ကျီ တစ်ထည်ကို တမင်တကာကို မီးရှို့နေတာ ။ ပြီးတော့ အဲ့ဒီ့အင်္ကျီက အစောကလေးတင်မှ သူပေးထားတဲ့အင်္ကျီလေး ။

" ခိုးရာပါ ပစ္စည်း ကို ကျုပ်ကို ကောက်ရတာလို့ပြောပြီး ညာပေးရဲသေးတယ်နော် နေဥတ္တရာ "

" မဟုတ်ဘူး "

တစ်ထည်လုံး ပြာအတိဖြစ်သည်အထိလောင်မကျွမ်းသွားခင် နေဥတ္တရာ မီးသတ်ဆေးဗူး ပြေးယူကာ ဖြန်းချလိုက်ရသည် ။

ပြီးမှ တစ်ပိုင်းတစ်စကျန်တဲ့အင်္ကျီအပိုင်းအစလေးကို ယူကာ လက်ထဲ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားလိုက်တယ် ။

" ကျုပ်ကို မျက်နှာလုပ်ချင်တာနဲ့ ကုမ္ပဏီ ကငွေကိုတောင် ခင်ဗျားမချန်တော့ဘူးပေါ့ နေနေ "

ပြောတဲ့သူကတော့ မျက်နှာတစ်ချက်မပျက်ပေမဲ့ အပြောခံရတဲ့နေနေ့မှာတော့ ငိုချင်လာတာ ထိန်းမရတော့ ။

မဟုတ်သေးပါဘူး သူ့ကိုဆိုရင် ဘာလို့ဒီလိုတွေလုပ်နေကြတာလဲ ။

" ရွံလို့ ဆက်မဝတ်ချင်တော့လို့ ခိုးရာပါပစ္စည်းကို ကျုပ်မသတီလို့ မီးရှို့ပစ်တာ "

CEO's Possessively Boyfriend Where stories live. Discover now