Chapter 25

38.1K 2.4K 372
                                    

Unicode

" နေဥတ္တရာက ဘယ်သူလဲ မာမီ "

ဖိတ်စာနောက်ကျောဘက်မှာ ရေးထားတဲ့ နေဥတ္တရာ ဆိုတဲ့နာမည်က ဝီရဦးခေါင်အား ခေါင်းအနည်းငယ်တော့ ကိုက်စေတာ ဝန်ခံရမယ် ။

ဒီနာမည်ကို ရင်းနှီးတာလား မရင်းနှီးတာလားလည်း သူမမှတ်မိ ။ ဟုတ်တာ မဟုတ်တာ အသာထားဦး နေဥတ္တရာလို့ မြင်လိုက်တော့ အတွေးအာရုံထဲ ညနေကတွေ့ခဲ့တဲ့ ဘီးကုပ်ပန်းရောင်ပန်ထားတဲ့ ပိန်ပိန်ပါးပါးနဲ့ လူက ပေါ်လာသည် ။

ဘာလို့မှန်းမသိပေမဲ့ အဲ့ဒီ့လူကို သူ သိလည်းမသိဘဲနဲ့ မြင်လိုက်ရတဲ့ ခဏလေးအတွင်းမှာပဲ ဝီရဦးခေါင်ရဲ့ နှလုံးသားနေရာက စူးအောင့်လာပြီး နေလို့ မကောင်းတော့ ။

" သူ့ကို မမှတ်မိဘူး မလား ဝီရဦးခေါင် ကောင်းတယ် သိပ်ကို ကောင်းတယ် "

မာမီပြောတာကို သူခေါင်းသာငြိမ့်ပြလိုက်သည် ။တစ်ကယ်လည်း အဲ့ဒီ့လူကို သူမမှတ်မိ ။ သူမှတ်မိတာဆိုလို့ လွန်ခဲ့တဲ့ငါးနှစ်တုန်းက ကော်ဖီဆိုင်ထဲက အထွက် သူ့ကို လူသုံးလေးငါးယောက်လောက်က ခေါင်းကို အဓိကထားပြီး ဝိုင်းရိုက်ကြတာကိုပဲ ။

ဘယ်သူက ဘာအကြောင်းနဲ့ ရိုက်ခိုင်းလဲမသိပေမဲ့ ဝီရဦးခေါင် ပြင်းပြင်းထန်ထန်ကို ထိခိုက်ဒဏ်ရာရသွားခဲ့တာပဲ မဟုတ်လား ။

ပြန်နိုးလာတဲ့အချိန်ကျတော့ အီတလီက ဆေးရုံတစ်ခုမှာ ဖြစ်ပြီး ဘာဆိုဘာတစ်ခုမှမမှတ်မိတော့ဘဲ နှစ်နှစ်ကျော်လောက်ထိ သူလူမမာတစ်ယောက်လိုသာ အိပ်ယာထဲလှဲနေခဲ့ရသည် ။ သူ့ဘေးနားမှာလည်း မာမီနဲ့အင်ကြင်းကလွဲပြီး ဘယ်သူမှမရှိ ။

နောက်ပိုင်း ကျန်းမာရေး ပြန်ကောင်းလာပြီး ထူထူထောင်ထောင်ပြန်ဖြစ်လာတဲ့အချိန် မှာတော့ ဝီရဦးခေါင်လည်း ဒီအတိုင်းအိမ်မှာပဲ ငြိမ်မနေချင်တော့တာကြောင့် Management လောကထဲ ဝင်ခဲ့ရာက တစ်ဆင့် ယမင်းငုဝါတို့သားအဖနဲ့ သိခဲ့ရခြင်းပင် ။

ငုဝါရော ငုဝါအဖေ အန်ကယ် လင်းထင်ရောက သူ့အပေါ်ကို တအားကောင်းတဲ့အထဲ ပါတယ် ။

အန်ကယ်လင်းထင်က ဝီရဦးခေါင်ရဲ့ စရိုက် ကို အတော်သဘောကျပြီး သူ့သမီးယမင်းငုဝါရဲ့ အိမ်ထောင်ဖက်အဖြစ်ပါ တွေးထားကြောင်းကိုလည်း ခဏခဏစကားထဲထည့်ပြောတတ်သည် ။

CEO's Possessively Boyfriend Where stories live. Discover now