Chapter 18

39.2K 2.5K 450
                                    

Unicode

နေဥတ္တရာမှာ ခပ်နွမ်းနွမ်းလျလျ ဓာတ်ပုံလေးတစ်ပုံကို လက်ထဲ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ
မဥ္ဇူလမ်း  ထဲရှိ အိမ်လေးများအား တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်မေးရသည် ။

မြို့လေးက လူသူအရောက်အပေါက်အသွားအလာနည်းတဲ့ မြို့လေးဖြစ်ကာ ရေလမ်းနဲ့ ကားလမ်းမပေါက်ဘဲ မီးရထားလမ်းတစ်လမ်းသာ ပေါက်တဲ့အပြင် ချယ်ရီပန်းတွေကလည်း တစ်မြို့လုံး အနှံ့ ပွင့်နေတာများ ဝေဝေဆာဆာနဲ့ သိပ်ကိုလှရက်လွန်းတယ် ။

နေဥတ္တရာ ဒီလိုနေရာမျိုးကို မွေးထဲကနေ တစ်ခါမှမရောက်ဖူးဘူး ။ အကို့ကို လိုက်ရှာမှပဲ ရောက်ဖူးတော့တယ် ။

ဒီပတ်ဝန်းကျင်မှာနေကြတဲ့ အိမ်အများစုကတော့
လူသစ်တွေချည်းပဲမို့ အကို့ကို မသိဘူး မမြင်ဖူးဘူး ဖြေကြတာမို့ နေနေ လာရှာတဲ့နေရာများ မှားနေတာလား စာရွက်အပိုင်းအစလေးကို ပြန်ကြည့်
ရပြီ ။

အန်ကယ်ပြောတဲ့ အတိုင်းဆို နေရာက ဒီနေရာဒီ ဒေသပါပဲ ။ အကိုရည်ရွယ်လင်းသစ်ပြောတဲ့ ချယ်ရီတွေပွင့်တဲ့အရပ်ဆိုတာလည်း တခြားနေရာတွေထက် ဒီဒေသကိုပဲ ညွှန်းနေတာပဲဟာကို ။

အကိုနဲ့ အန်ကယ်တို့ နှစ်ယောက်လုံးကို နေနေက ကြိမ်းသေပေါက် ပြန်ဆုံအောင် လုပ်ပေးရမှာမို့ မလွယ်ကူမှန်းတော့ သိပါတယ်။

ဒါပေမဲ့ နေဥတ္တရာက ဘယ်မရာကိုမဆို လွယ်လွယ်ကူကူလက်မလျှော့တတ်တာမို့ အခုလည်း လက်တော့မလျှော့သေးပါ ။

ရန်ကုန်အိမ်ကိုလည်း နေနေနဲ့အတူ အကိုရည်ရွယ်လင်းသစ်ပြန်ပါလာမှ နေနေပြန်သွားတော့မှာ ။

အခုတော့ လမ်းလေး တစ်လှမ်းနှစ်လှမ်းပဲ လျှောက်ရသေးတယ် ညောင်းလို့ သေတော့မယ် ။

အရင်က သူအဲ့လို မဟုတ်ပါဘူး ။ အခုမှပဲ ဘယ်လိုဖြစ်လို့ ဒီလောက် နုနေလဲ မသိ ။ ဝီရဦးခေါင်ကလည်း အခုရက်ပိုင်း လူကို ပိုးမွေးသလိုမွေးနေတာများ ကြောက်စရာ ။

ပြီးတော့ ဝီရဦးခေါင် အခုလောက်ဆို အိမ်မှာ သူမရှိမှန်း သိပြီဆိုတော့ သောင်းကျန်းနေပြီလားတောင် မပြောတတ် ။

CEO's Possessively Boyfriend Where stories live. Discover now