Chapter 26

37.9K 2.4K 178
                                    

Unicode

နေနေ အိပ်နေရင်းနဲ့ နားထဲ သားရဲ့ ငိုသံလိုလိုရှိုက်သံလိုလို အသံသေးသေးလေးကို ကြားလိုက်ရတာမို့ဘာများဖြစ်သလဲ စိတ်ပူပြီး ချက်ချင်း အိပ်ယာပေါ်က ကုန်းထတဲ့အချိန်မှာ လူကယိုင်သွားပြီး ဘေးကစားပွဲခုံစောင်းနဲ့ နဖူး က ဒုတ်ခနဲ မိတ်ဆက်သွားရသည် ။

နာတာ မနာတာ သူ့မှာ ဂရုမစိုက်အားသေး ။ ခိုက်မိသွားတဲ့ နေရာကို လက်ဖနောင့်နဲ့ အသာဖိကာ အောက်ထပ်ကိုပြေးဆင်းတော့ တစ်ချက်တစ်ချက် လူကပစ်လဲချင်သလိုလိုက ဖြစ်နေသေးတယ် ။

ပြီးတော့ လည်ချောင်းတစ်ခုလုံးလည်း နာလွန်းလို့ တံတွေးတောင်မြိုချလို့ မရတော့ ။ ခေါင်းတွေကလည်း တဆစ်ဆစ်နဲ့ ထိုးကိုက်နေလိုက်တာ ။

ငါးနှစ်လုံးလုံး ကျန်းမာရေးက ဒေါင်ဒေါင်မြည်ခဲ့တာကို အခုမှဘာဖြစ်ချင်နေမှန်း နေနေလည်း စဥ်းစားမရ ။

သူဖျားတာက လူကြီးဆိုတော့ ဘာဖြစ်ဖြစ် ကိစ္စမရှိဘူး ။ သူ့သားကိုတော့ နေမကောင်းဖြစ်တာလုံးဝမကြိုက်တာမို့ အဖျားတော့ အကူးမခံနိုင် ။

စံချိန်မှီတို့ နေမကောင်းရင် နေနေလည်း ငြိမ်ငြိမ်မနေရ ။ တစ်ချိန်လုံး ချီထားရင် ချီထား မဟုတ်ရင် ကျောပိုးပေးထား အဲ့နှစ်ခုလုံး မလုပ်ပေးလို့ကတော့ တအီအီနဲ့ ငိုတာမရပ်တော့ ။

သူ့သားက နေမကောင်းရင် လူကိုသိပ်ကပ်တဲ့ ကလေးလေးပါဆို ။

" ပါပါး အင့် "

သားက အပေါ်က ဆင်းလာတဲ့သူ့ကို မြင်တော့ လှုပ်စိလှုပ်စိ နဲ့ အနားပြေးလာကာ ဖက်တွယ်လာသည် ။

အစက တွန်းထုတ်ဖို့ ပြင်လိုက်ပေမဲ့ သူလည်း သားသားကိုလွမ်းနေတာမို့ ပြန်ပြီးထွေးပွေ့ထားလိုက်တယ် ။

သူတို့သားအဖက အဲ့လိုပါဆို အကဲပိုတယ်ပြောပြော နှစ်ယောက်သားက အပိုတွေလုပ်လိုက်ရမှကျေနပ်တာ ။

" နေနေ သွေးတွေ "

" ဗျာ "

သွေးတွေဆိုလို့ သားဆီကထင်ပြီး အမြန်ဆွဲခွာ
ကြည့်တော့ ဘာမှမတွေ့ ။ အဲ့ဒီ့အစား ငိုမဲ့မဲ့ဖြစ်သွားတဲ့သူ့သား မျက်နှာလေး ကြောင့် နေနေ တော်ပါသေးရဲ့လို့ပဲ ပြောနိုင်တော့တယ် ။

CEO's Possessively Boyfriend Where stories live. Discover now