Chapter 2

57.5K 3.1K 786
                                    


Unicode

နေဥတ္တရာ မှာ ဧည့်သည်တွေ ကို ဧည့်ခံနေရင်းနဲ့ပင် တစ်ကိုယ်လုံး ယားကျိယားကျိဖြစ်လာလေသည် ။

ကုတ်ပစ်လိုက်ဖို့ကလည်း အခြားနေရာတွေထက် တင်ပါးက ပိုယားနေတာမို့ ဒီအတိုင်းကြီး ကုတ်ပစ်လိုက်လို့ကလည်း မရ သူ့ကို ကြည့်နေတဲ့ မျက်လုံးတွေကလည်း ရှိသေးတယ် ။

ကိုယ့်ဟာကိုယ် တစ်ယောက်ထဲဆို ဖင်ကုတ်ကုတ်ဘာကုတ်ကုတ် ကိစ္စမရှိပေမဲ့ အခုကလူကြားထဲမှာမို့ ချောင်တိုးပြီး ယားတဲ့နေရာကို ကြည့်ဖို့ ပြင်ရသည် ။ ဘာအကောင် ကိုက်သွားတာများလဲ

သူအဲ့လိုတွေဖြစ်မှာဆိုးလို့ ရေသေချာချိုးခဲ့တာပါ ။ မဟုတ်မှ ဝီရဦးခေါင် များလား ။

" ဟင့်အင်း မဟုတ်တာ မလုပ်လောက်ပါဘူး "

လူတွေအလစ်ကို တစ်ချက် ကြည့်ကာ နေဥတ္တရာ ခြံအနောက်ဘက်က ရေကူးကန်ကို ခဏလောက် ထွက်လာလိုက်ရသည် ။

အပေါ် ကုတ်ချွတ်ကြည့်တော့ အရေပြားမှာ အကွက်အကွက်တွေဖြစ်နေတာမို့ အတော်လန့်သွားကာ ဝတ်ထားတဲ့ pant ကိုပါ ချွတ်ချလိုက်ရတယ် ။

သူ့တစ်ကိုယ်လုံး အကွက်တွေ အကွက်တွေ ထနေကာ နီရဲနေသည်မို့ လူက ဒေါသက ထောင်းခနဲ ။

ကြိမ်းသေတာပေါ့ ဒါ ဝီရဦးခေါင် လက်ချက်ဆိုတာ ။

" ခွေးသူတောင်းစား ခွေးကျင့်ခွေးကြံနဲ့ "

" ခွေးသူတောင်းစားပါဆိုမှ ခွေးကျင့်ခွေးကြံ ပဲ ကြံမှာပေါ့ နေနေ "

ဖြောင်း!

အသံကြားတာနဲ့ နေဥတ္တရာလက်ကလည်း အော်တို ဖြောင်းပြီးသားပဲ ။

" ခင်ဗျား! ဘာစောက်ကြောင်းနဲ့ မှ ကျုပ်ကို ရိုက်စရာ မလိုဘူးထင်တယ် နေဥတ္တရာ "

သူ့ကို မျက်ထောင့်နီကြီးနဲ့ ကြည့်နေသော ကောင်ကိုလျစ်လျူရှူကာ နေနေ့မှာ ချွတ်ထားတဲ့ အဝတ်တွေကို ရေကန်ထဲပစ်ချလိုက်ရသည် ။

" ကျုပ်ပြောနေတယ်လေ ခင်ဗျား ဘာလို့ ကျုပ်ပါးကို ရိုက်တာလဲ နေနေ "

" လက်ပါလို့ "

" ဘာ! "

" လက်ပါလို့ မင်းပါးကို ငါရိုက်တာ "

CEO's Possessively Boyfriend Wo Geschichten leben. Entdecke jetzt