32 ( Final )

72K 2.7K 617
                                    

Unicode

" နိုးပြီလား မောင့်အသည်းတုန်းလေး "

" အွင်း "

" မျက်လုံးတွေ မပွတ်ရဘူး မောင်လုပ်ပေးမယ် "

ဖားပျံလေးလို ကပ်တွယ်ပြီး အိပ်နေရာမှ ကြာတော့နေနေလည်း ဆက်မအိပ်နိုင်တော့ဘူး ။ ကားထဲမှာနေရာက ကျယ်ပေမဲ့ သူက ဝီရဦးခေါင် ပေါင်ပေါ်မှာထိုင်ပြီး ရင်ခွင်ထဲခေါင်းတိုးဝင်ပြီးပဲ အိပ်လိုက်တာ ။

ပြီးတော့ ညက နှစ်ယောက်သား အလွမ်းသယ်ပြီး ရေတွင်းတူးကြတာရော တူးပြီးပြီးချင်း ကိုယ်လက်မသန့်စင်ဘဲ ချက်ချင်းတန်းအိပ်တော့ အိပ်ရအဆင်မပြေတာပါ နှစ်ခုပေါင်းပြီး ဒီမနက်မှာ နေနေ့ ကိုယ်လက်တွေက ကိုက်ခဲလာသည် ။

သူ့မျက်နှာလေးညှိုးနေတာ မြင်တဲ့ မောင်ကလည်း အလိုက်တစ်သိ ခါးကိုဖွဖွလေးထိပြီးနှိပ်ပေးလာတယ် ။

" အောက်ပိုင်း ကြီး နေလို့မကောင်းဘူး မောင် "

" မောင် လုပ်ပေးမယ် ခဏ ဘေးကို ရွှေ့လိုက်နော်"

နေနေ ခေါင်းငြိမ့်ပြလိုက်တော့ မောင်က သူ့ခန္ဓာကိုယ်လေးကို loverseat ပေါ် အသာရွှေ့ပေးလာသည် ။

" ခဏနေဦး မင်း ငါ့ကို အာဘွား ပေးဦးလေ "

" ဘေဘီ "

" မျက်နှာမသစ်ရသေးလို့ ရွံတာလား "

" မဟုတ် "

" ငါက "

ပြွတ်

" သဲတုန်းလေးကို မောင့်မှာ ချစ်မဝပါဘူးဆို "

မောင့်လက်ဝါးကြီးတွေထဲ သူ့မျက်နှာလေး ဆွဲညှစ်ခံထားရ၍ နေနေ မျက်စောင်းထိုးပစ်လိုက်တယ် ။

" ဖယ်ပေး "

" ခြေထောက်တွေ မောင့်ပေါ် တင်ထား မောင် သန့်ရှင်းပေးမယ် "

" အွန်း "

ပြောတဲ့အတိုင်း ခြေထောက်နှစ်ဖက်ကို မောင့်ပေါင်ပေါ် သူပစ်တင်လိုက်တော့ ဝတ်ထားတဲ့ခြေအိတ်ပန်းရောင်လေးနှစ်ဖက်ကို ချွတ်ပြီး ခြေချောင်းလေးတွေရဲ့ ကြားတွေပါမကျန် wet tissue နဲ့ သေသေချာချာ သုတ်ပေးလာသူအား နေဥတ္တရာ ပြုံးပြုံးလေး ကြည့်နေမိသည် ။

You've reached the end of published parts.

⏰ Last updated: Apr 08 ⏰

Add this story to your Library to get notified about new parts!

CEO's Possessively Boyfriend Where stories live. Discover now